Homeပြည်တွင်းသတင်းမကွေးတိုင်းထဲမှာ အိမ်စီးကားတစီးကိုတော်လှန်ရေးအဖွဲ့တွေကစစ်ဆေးဖို့ တားဆီးတာ မရပ်ပေးဘဲ ပစ်ခတ်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်ဖြစ်ပွား

မကွေးတိုင်းထဲမှာ အိမ်စီးကားတစီးကိုတော်လှန်ရေးအဖွဲ့တွေကစစ်ဆေးဖို့ တားဆီးတာ မရပ်ပေးဘဲ ပစ်ခတ်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်ဖြစ်ပွား

၂၉ စက်တင်ဘာ ၂၀၂၅

မနေ့က စက်တင်ဘာ ၂၈ ရက် ည၁၁နာရီဝန်းကျင်အချိန် မကွေးတိုင်းထဲမှာ အိမ်စီးကားတစီးကိုတော်လှန်ရေးအဖွဲ့တွေက စစ်ဆေးဖို့ တားဆီးတာကို မရပ်ပေးဘဲ ပစ်ခတ်ထွက်ပြေးသွားတဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့တယ်လို့ United States Of Burma Army(USBA)ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း မင်းတုန်းမြို့ဘက်ကနေ အိမ်စီးကားအနက်ရောင် ၁ စီးဟာ ပုသိမ် -မုံရွာလမ်းအတိုင်း ကျောက်တိုင်စခန်းဘက်ကို မောင်းနှင်လာရာမှာ တော် လှန်ရေးတပ်ဖွဲ့တွေက စစ်ဆေးဖို့တားဆီးခဲ့ပေမယ့် ရပ်တန့်မပေးဘဲ လုံခြုံရေးတာ ဝန်ကျရဲဘော်တွေကို စတင်ပစ်ခတ်ပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်တာတွေအပြန်အလှန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အတွင်း မောင်းနှင်ထွက်ပြေးတဲ့အနက်ရောင်အိမ်စီးကား ၁ စီး၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ Ruio ၁ စုံ၊ ငွေသား ၂ သိန်း ၆ သောင်းကျပ်နဲ့အတူ အခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်တပ်တပ်ဖွဲ့၀င်တွေကို ည ၁၂ နာရီမှာ မင်းတုန်းမြို့မှာ light-truck ကား ၁ စီးက အင်အားအပြည့်နဲ့ စမ်းကြီးကျေးရွာအနီးကို လာကြိုသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဖြစ်စဉ်မှာလည်း ပြည်သူ့ကားဖြစ်ပါက ထိခိုက်နစ်နာမှာကိုစိုးရိမ်တာကြောင့် ညအမှောင်ထဲ မောင်းလာတဲ့ ရန်သူမိတ် ဆွေမကွဲတဲ့ကားကို လက်ပြပြီးတားဆီးခဲ့ရတဲ့အတွက် လုံခြုံရေးတာ၀န်ကျရဲဘော်တွေ အသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရသလို စစ်တပ်တပ်ဖွဲ့၀င်တွေလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် နောက်ပိုင်းမှာဒီလိုဖြစ်စဉ်မျိုးမဖြစ်စေဖို့ ကားလမ်းမကြီးတွေပေါ်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်မောင်းနှင်လာတဲ့ မည်သည့်မော်တော် ယာဉ်ကိုမဆို ပစ်ခတ်ဖမ်းဆီးခြင်းတွေလုပ်ဆောင်တော့မယ့်အကြောင်းကိုလည်း အသိပေးထားပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးမွှေနှောက်ဖို့ အလားလာရှိလာနိုင်တာကြောင့် အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့အနီးတဝိုက်ကျေးရွာတွေက ပြည်သူတွေအနေနဲ့ မိမိတို့လုံခြုံ ရေးအတွက် သင့်တော်သလို ကြိုတင်ပြငဆင်ထားကြဖို့ကိုလည်း အသိပေးထားပါတယ်။

ဓာတ်ပုံ-USBA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး