Homeပြည်တွင်းသတင်းDJ Violet ၊ DJ မန်နေဂျာ၊ Cover Club ဆိုင်ပိုင်ရှင် အပါအဝင် ငါးယောက်အမှုဖွင့်ခံရ

DJ Violet ၊ DJ မန်နေဂျာ၊ Cover Club ဆိုင်ပိုင်ရှင် အပါအဝင် ငါးယောက်အမှုဖွင့်ခံရ

၁၄ စက်တင်ဘာ ၂၀၂၅

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” သီချင်းကို DJ တီးခတ်ပြီး သရုပ်ပျက်ကခုန်ခဲ့သူ DJ Violet ၊ DJ မန်နေဂျာ၊ Cover Club ဆိုင်ပိုင်ရှင် အပါအဝင် ငါးယောက်ကို အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ Cover Club ဆိုင်မှာ ဇူလိုင် ၃၁ ရက်၊ မနက် ၁ နာရီကနေ ၂ နာရီအချိန်ထိတီးခတ်ခဲ့တာဖြစ်ပါတယ်။

DJ Violet (ခေါ်) ခင်ထွေးထွေးမွန် (၂၄ နှစ်)၊ DJ မန်နေဂျာ ဖြိုးဟိန်းကိုကို (ခေါ်)မင်းထိုက် နဲ့ Dice (ခေါ်) ဉာဏ်လင်းထက် တို့ဦးဆောင်ပြီး “ဗုဒ္ဓံ သရ ဏံ ဂစ္ဆာမိ” သီချင်းကို DJ တီးခတ်ကခုန်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာကို အကြည်ညိုပျက်စေဖို့ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

DJ Violet (ခေါ်) ခင်ထွေးထွေးမွန် နဲ့ DJ မန်နေဂျာ ဖြိုးဟိန်းကိုကို (ခေါ်)မင်းထိုက် တို့ကို စက်တင်ဘာ ၁၁ ရက်၊ ည ၁၁ နာရီခွဲလောက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက် နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Cover Club ဆိုင်ပိုင်ရှင် သက်လွင်အောင် (ခေါ်) မျိုးအောင်၊ ဆိုင်မန်နေဂျာ ဇင်စုရ တို့ကိုလည်း စက် တင်ဘာ ၁၃ ရက်နေ့က မန္တလေးမြို့၊ မဟာအောင် မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ Cover Club ဆိုင်မှာ ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DJ Violet (ခေါ်) ခင်ထွေးထွေးမွန်ထံမှ DJ တီးခတ်ရာမှာ အသုံးပြုတဲ့ မန်မိုရီစတစ် ၆ ခု သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ Cover Club ဆိုင်အတွင်းမှ DJ စက် နဲ့ ဆက်စပ်ပစ္စည်းတွေကို သက် သေတွေနဲ့ အတူ သိမ်းဆည်းပြီး Cover Club ဆိုင်ကိုလည်း ချိပ်ပိတ်ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က်မှာ ဖော်ပြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး