မြိတ်-ထားဝယ်ခရိုင် လယ်မူလာမြို့နယ် အောင်ပူ(အင်ဖုံး) ကျေးရွာမှာရှိတဲ့ တမိုင်းတောင်စခန်းကုန်းမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဖွဲ့ဝင်တွေအားလုံး စခန်းစွန်ခွာထွက်ပြေးသွားတယ်လို့ ကရင်အမျိုးသားအစည်း အရုံး(KNU)က ဒီနေ့ ဩဂုတ် ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။
စခန်းတခုလုံးစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်ဟာ ခလရ-၂၈၅ တပ် ရင်းဖြစ်ပြီး ၊ လွန်ခဲ့တဲ့ ဩဂုတ် ၁၇ရက်က ဆုတ်ခွာထွက်ပြေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ် (K.N.D.O) တပ်ရင်း-၇ တပ်ခွဲ -၅နဲ့ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အထူးတပ်ဖွဲ့ က တလအတွင်း ရိက္ခာဖြတ်တောက်ပိတ်ဆို့ပြုလုပ်ခဲ့တာကြောင့် စခန်းစွန့်ခွာထွက် ပြေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
လတ်တလော စခန်းကုန်းကို ကရင်အမျိုး သားကာကွယ်ရေးတပ် (K.N.D.O)နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) အထူးတပ်ဖွဲ့က နယ်မြေရှင်း လင်းတာတွေလုပ်ဆောင်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ- K.N.D.O တပ်ရင်း(၇) တပ်ခွဲ(၅)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A အထူးတပ်ဖွဲ့ များနယ်မြေရှင်းလင်းပုံ
ဓာတ်ပုံ- KNU


