Homeပြည်တွင်းသတင်းအင်းလေးကန်ရေအနည်းငယ် မြင့်တက်လာတာကြောင့် ရေထပ်မံကြီးမှာကို ဒေသခံတွေစိုးရိမ်နေ၊ စောင့်ကြည်နေဆဲလို့ဆို

အင်းလေးကန်ရေအနည်းငယ် မြင့်တက်လာတာကြောင့် ရေထပ်မံကြီးမှာကို ဒေသခံတွေစိုးရိမ်နေ၊ စောင့်ကြည်နေဆဲလို့ဆို

၁၄ ဩဂုတ် ၂၀၂၅

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အင်းလေးကန်မှာ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ကန်ရေအနည်းငယ်မြင့်တက်လာပြီး ရေထပ်မံကြီးလာမှာကို ဒေသခံတွေစိုးရိမ်နေပြီး လက်ရှိမှာ ကန်ရေအခြေအနေကို စောင့်ကြည်နေဆဲဖြစ်တယ်လို့ အင်းလေးဒေသခံသတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။

“မနေ့ညကတော့ မိုးတွေရွာတယ်။ စိုးရိမ်ရတဲ့အဆင့်ထိတော့မဟုတ်သေးပါဘူး။ စောင့်ကြည့်နေရတာပေါ့။”လို့ သူက ရှင်းပြပါတယ်။

အင်းလေးကန်ဟာ လာမယ့် ဩဂုတ်လ ၁၉ ရက်နေစပြီး သတိပေးအဆင့် အမြင့်ဆုံးခရမ်းရောင် (EXTREME LEVELကိုရောက်ရှိလာနိုင်ပြီးး စက်တင်ဘာလဆန်းပိုင်းအထိ (EXTREME LEVEL)မှာ ဆက်ရှိနေနိုင်တယ်လို့ ဒေသတွင်းမိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

ဒါအပြင် အင်းလေးကန်ရေမြင့်တက်လာတာဟာ လက်ရှိ အနီ‌ရောင်အဆင့်ကိုရောက်ရှိနေပြီး ခရမ်းရောင်အဆင့်အထိ မြင့်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကလည်း လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။

“ဒါကလည်း အဲဒီလောက်အထိမဟုတ်သေးပါဘူး၊ ရေမြင့်လာတာဟုတ်တယ်။ အခုစိုးရိမ်ရတဲ့အခြေအနေမဟုတ်သေးဘူး။ ကျွန်တော်တို့ ဒေသခံတွေအသိဆုံးပါ”လို့ ညောင်ရွှေဒေသခံတဦးကဆိုပါတယ်။

အင်းလေးကန်အတွင်းမှာ မှီတင်းနေထိုင်တဲ့ ကျေးရွာပေါင်း ၁၇၁ ရွာခန့်ရှိပြီး အချို့ရွာတွေကတော့ ရေတဝက် ကုန်းတဝက်အနေအထားရှိတယ်လို့ သူကတဆက်တည်းပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်းခဲ့သရှမ်းပြည်တောင်ပိုင်း၊ ကလော၊ ညောင်ရွှေ၊ ပင်လောင်း စတဲ့မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် အင်းလေးကန်တွင်း ရေအမြောက်အမြား ဝင်ရောက်စီးဆင်းလာကာ ရေတက်နှုန်းမြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံမှု ထပ်ကြုံလာရမှာကို ဒေသခံတွေစိုးရိမ်နေပြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး