Homeပြည်တွင်းသတင်းကာ/လုံ အစည်းအဝေးအပြီး အရပ်ဖက်ကို ရောက်သွားတဲ့ စစ်ဗိုလ်ချုပ်ကြီး ၄ ဦး

ကာ/လုံ အစည်းအဝေးအပြီး အရပ်ဖက်ကို ရောက်သွားတဲ့ စစ်ဗိုလ်ချုပ်ကြီး ၄ ဦး

၃၁ ဇူလိုင် ၂၀၂၅

ဒီနေ့ ဇူလိုင် ၃၁ ရက်မှာ အမျိုးသားကာ ကွယ်ရေးနဲ့လုံခြုံ‌ရေးကောင်စီအစည်း အဝေးခေါ်ယူပြီးနောက်မှာ စစ်ဗိုလ်ချုပ်ကြီး ၄ ဦးဟာ အရပ်ဖက်ကို ရောက်သွားခဲ့တာကို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ စစ်ဗိုလ်ချုပ်‌ ၄ ဦးဟာ ဦးညိုစော၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦးနဲ့ ဦးအောင်လင်းဒွေးတို့ဘဲ ဖြစ်ပါတယ်။

ဦးညိုစောဟာ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ်နဲ့ အမျိုးသားစီမံကိန်းဝန်ကြီးအနေနဲ့ပူးတွဲ တာဝန်ယူမှာဖြစ်ပြီး ဦးတင်အောင်စန်းက သမ္မတရုံးဝန်ကြီး ဌာန(၁)ဝန်ကြီးအဖြစ် တာဝန်ယူမှာကို တွေ့ရပါတယ်။

ဦးမြထွန်းဦးကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးနေရာမှာ တာဝန်ယူမှာဖြစ်ပြီး ဦးအောင်လင်းဒွေးက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးရဲ့ အမှုဆောင်ချုပ်အနေနဲ့ အသီးသီး တာဝန်ယူရတာဘဲဖြစ်ပါတယ်။

“ဒါက စစ်တပ်အစဉ်အဆက်လုပ်လာတဲ့ အတိုင်းပါဘဲ၊ ဘာမှဆန်းဆန်းပြားပြားမဟုတ်ပါဘူး၊ ယူနီဖောင်းချွတ် ခေါင်းပေါင်းတပ်လိုက်တဲ့သဘောပေါ့။ အစိုးရအဖွဲ့ကြေညာတာကလည်း ခင်ဗျားတို့လည်းသိမှာပါ ပညာရေးဝန်ကြီးဌာနကျန်ခဲ့တယ်လေ။ ဒါကိုကြည့်ရင် ဒီကောင်တွေဟာ ထွက်ပေါက်တစ်ခုရဖို့ တက်သုတ်ရိုက်နေတဲ့သဘောဘဲ”လို့ နိုင်ငံရေးသမားတဦးကNew Day Myanmar ကို ပြောပါတယ်။

ဒီကနေ့ ကာ/လုံအစည်းအဝေးခေါ်ပြီး အစိုးရသစ်ဖွဲ့စည်းလိုက်တဲ့အခြေအနေမှာ ဝန်ကြီးဌာန ၂၉ ခုဖွဲ့စည်းထားပြီး ပညာရေးဝန်ကြီးဌာန မပါဝင်လာတာကြောင့် ဝေဖန်မှုတွေမြင့်တက်နေချိန်မှာ စစ်ကောင်စီက ကမန်းကတမ်း ပညာရေးဝန်ကြီးဌာနက ဒေါ်ချောချောစိန်ပါဝင်တယ်လို့ ထုတ်ပြန်ချက်အသစ် ထပ်မံထုတ်ပြန်လိုက်တာကို တွေ့ရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး