Homeပြည်တွင်းသတင်းVPN စစ်ဆေးပြီး ငွေတောင်းခံနေတဲ့ စစ်ကောင်စီ တပ်သားတွေကို လောင်းလုံPDF မိုင်းထောင်တိုက်ခိုက်

VPN စစ်ဆေးပြီး ငွေတောင်းခံနေတဲ့ စစ်ကောင်စီ တပ်သားတွေကို လောင်းလုံPDF မိုင်းထောင်တိုက်ခိုက်

၁၈ ဇွန်၊၂၀၂၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပြည်သူတွေကို VPN စစ်ဆေးပြီး ငွေတောင်းခံနေတဲ့ စစ်ကောင်စီ တပ်သားတွေကို သတိပေးတဲ့အနေနဲ့ မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးတယ်လို့ လောင်းလုံ PDF က ထုတ်ပြန်ကြေညာထားပါတယ်။

ဇွန်လ ၁၇ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ ထားဝယ်မြို့လယ်ခေါင်က ဥက္တားကြီး လမ်းဆုံနဲ့ မော်တော်ပီ ကယ်ဂိတ်ဘေးမှာ မိုင်းတစ်လုံးစီ ထောင်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းလာရှင်းတဲ့အချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မော်တော်ပီကယ်ဂိတ်နားက မိုင်းကိုတော့ စစ်ကောင်စီဘက်က ရှာဖွေတွေ့ရှိပြီး‌ ဖောက်ခွဲလိုက်တယ်လို့ သိရပါတယ်။

ထားဝယ်မြို့တွင်း vpn စစ်ဆေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းဆုံလမ်းခွ ဂိတ်ချပြီး စစ်ဆေးပြီး လူတစ်ယောက်ကို ငွေ သုံးသိန်းအထိ စစ်ကောင်စီက ငွေညှစ်တောင်းခံနေတယ်လို့ လောင်းလုံ PDF က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး (ပကဖ) နှင့် ဒေါင်းညီနောင် စစ်ကြောင်းမှ မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပကဖတွေအနေနဲ့ စစ်ရေးပစ်မှတ်တွေကို အချိန်မရွေးတိုက်ခိုက်မှာ ဖြစ်လို့ ထားဝယ်မြို့ လမ်းတွေပေါ်မှာနဲ့ စစ်ကောင်စီတပ်စွဲတဲ့စခန်းတွေအနီးမှာ ဘယ်လိုအထုပ်တွေကို မဆို မကိုင်တွယ်ကြဖို့နဲ့စစ် ရေးပစ်မှတ်တွေ နား က ရှောင်ကျဉ်နေကြဖို့ လောင်းလုံ PDF က ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read