Homeပြည်တွင်းသတင်း(၇၈) နှစ်ကြာ တိုက်ပွဲဝင်လာပြီဖြစ်သော် လည်း အရှုံးပေးမည်မဟုတ်ဘဲ ရန်သူကို အနိုင်ယူရန် သန်မာနေကြရန်လိုဟုKNDO စစ်ဦးစီးချုပ် တိုက်တွန်း

(၇၈) နှစ်ကြာ တိုက်ပွဲဝင်လာပြီဖြစ်သော် လည်း အရှုံးပေးမည်မဟုတ်ဘဲ ရန်သူကို အနိုင်ယူရန် သန်မာနေကြရန်လိုဟုKNDO စစ်ဦးစီးချုပ် တိုက်တွန်း

၁၆ ဇူလိုင် ၂၀၂၅

(၇၈)နှစ်ကြာ တိုက်ပွဲဝင်လာပြီဖြစ်သော် လည်း အရှုံးပေးမည်မဟုတ်ဘဲ ရန်သူကို အနိုင်ယူဖို့ သန်မာနေကြရန်လိုတယ်လို့KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက တိုက်တွန်းထားပါတယ်။

ဒီကနေ့ ဇူလိုင် ၁၆ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်မြောက် ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့နေ့မှာ KNDO စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်စောရှီးလေက တော်လှန် ရေးတပ်ဖွဲ့တွေထံ အခုလို တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦး ဆောင်တဲ့ စစ်တပ်ဟာ အဘယ်နည်းနဲ့ ပြိုလဲသွားမှာကို အတပ်မသိသေးပေမယ့် မိမိတို့အနေနဲ့ လက်နက်ကိုင်စွဲထားပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလိုဆိုးသွမ်းတဲ့ ရန်သူကို အနိုင်ယူဖို့အတွက် ၎င်းတို့ထက်သာလွန်သန်မာကြံ့ခိုင်နေကြရန်လိုတယ်လို့ ပြောကြားထားပါတယ်။

ရန်သူဟာ မှန်ကန်တည်ကြည်မှုမရှိတဲ့အဖွဲ့အစည်းဖြစ်ပေမယ့် အစိုးရတစ်ရပ်ပုံစံနဲ့၎င်းတို့ဘာသာ ရပ်တည်နေခြင်းကို အသိအမှတ်ပြုလက်ခံနေသူတွေရှိနေ တာကိုတွေ့နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တွေပြိုလဲဖို့ မလွယ်ကူပေမယ့် ကရင်အမျိုးသားများအနေနဲ့ ၎င်းတို့ကို တော်လှန်တိုက်ပွဲဝင်လာတာဟာလည်း နှင်ပေါင်း ၇၈ နှစ်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

လူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့တာ ဝန်ရှိသည့်အပြင် ကရင်ပြည်သူလူထုရဲ့ရန်သူကို တိုက်ထုတ်ရမယ့် တာဝန်ကို KNDO က အပြည့်အဝတာဝန်ယူသွားမယ်လို့ ကတိကဝတ်ပြုပြောဆိုထားပါတယ်။

KNDOနေ့အတွက် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ရေရှည်အသက်သွင်းနိုင်ရန် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဟာ ပြည်သူကို ကိုယ်စားမပြုတဲ့ စစ်တပ်လက်ဝေခံ အခွင့်အရေး နိုင်ငံရေးသမားတွေနဲ့ငြိမ်း ချမ်းရေး ဖော်ဆောင်ပြတာ၊ ရွေးကောက် ပွဲကျင်းပဖို့ ပြင်ဆင်နေတာတွေကို

အဆောတလျင် လုပ်ဆောင်လာနေတယ်လို့ ‌‌ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီသဟာ ၎င်းတို့ရဲ့အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့အတွက် နိုင်ငံရေး ၊စီးပွားရေး၊ ဘဏ္ဍာရေးရင်းမြစ်အားလုံးကို စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့လက်ဝေခံတွေကထိန်းချုပ်ထားကာ အကျိုးစီးပွားရယူပြီး လူငယ်ထု ပြည်သူ

တွေကို အတင်းအဓမ္မ စုဆောင်းစစ်မှု ထမ်းစေကာ စစ်မြေပြင်များကို စေလွှတ်နေတာကို မြင်တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

စစ်မြေပြင်မှာ ရန်သူဖြစ်ပေမယ့်မိမိတို့ဆီကို လက်နက်ချအညံ့ခံ ပူးပေါင်း အလင်း ဝင်ရောက်လိုတဲ့ အဓမ္မစစ်မှုထမ်းနေရသတဲ့သူတွေကို မူဝါဒ လုပ်ငန်းစဉ်တွေနဲ့

အညီ ဆောင်ရွက် သွားရမှာဖြစ်တယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကဆိုပါတယ်။

ပုံစာ-ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ

ဓာတ်ပုံ – KNU

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး