Homeပြည်တွင်းသတင်းမိတ္ထီလာ - ကျောက်ပန်းတောင်းကားလမ်းမှာ ခရီးသည်တင် Express တိမ်းမှောက်ပြီး ၆ ဦးသေဆုံး

မိတ္ထီလာ – ကျောက်ပန်းတောင်းကားလမ်းမှာ ခရီးသည်တင် Express တိမ်းမှောက်ပြီး ၆ ဦးသေဆုံး

၂ ဇွန်၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၁၄ မိုင်၊ ၃ ဖာလုံ နဲ့ ၄ ဖာလုံကြားမှာ ဇွန် ၂ ရက် မနက် ၃ နာရီဝန်းကျင်အချိန်က ခရီးသည်တင် Expressယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးတို့ကို ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်တို့နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

“တချို့ခရီးသည်တွေက ဆိုးဆိုးရွားရွားထိမိပြီးသေသွားကြတယ်။ မြင်လို့တောင်မကောင်းတော့ဘူး”လို့ကူညီပေးခဲ့တဲ့သူတဦးက ပြောပါတယ်။

အခင်းဖြစ်ရာနေရာကို မိတ္ထီလာခရိုင်မီးသတ်စခန်းက Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ လူနာတင်ယာဉ် ၁ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမူကူညီရေးအသင်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read