Homeပြည်တွင်းသတင်း၇ တန်းကျောင်းသားတဦးကို ပြန်ပေးဆွဲ သတ်ဖြတ်သူ ၂ ဦးဖမ်းမိ

၇ တန်းကျောင်းသားတဦးကို ပြန်ပေးဆွဲ သတ်ဖြတ်သူ ၂ ဦးဖမ်းမိ

၂၄ မေ၊ ၂၀၂၅

ပဲခူးမြို့၊ မဇင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ၇တန်းကျောင်းသားတဦးကို ပြန်ပေးဆွဲ သတ်ဖြတ်သွားသူ ၂ ဦးကို မေလ၂၃ ရက်က ဖမ်းမိထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပဲခူးမြို့၊ မဇင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား တဦးဟာ မေလ၂၀ ရက်နေ့ ညနေပိုင်းက နေအိမ်ကနေ ဘောလုံးသွားကန်ဖို့ ထွက်သွားရာမှ ပြန်ပေးဆွဲခံခဲ့ရတာဖြစ်ပါတယ်။

ပြန်ပေးဆွဲသူတွေက ငွေကျပ် ၅ သိန်းနဲ့ လာရွေးဖို့နဲ့ ရဲစခန်းကိုမတိုင်ဖို့ဆက်သွယ်လာတာကြောင့် မိဘများချိန်းဆိုရာနေရာကို သွားရောက်ခဲ့ပေမယ့် ပြန်ပေးဆွဲခံရသူ ၇တန်းကျောင်းသားကို မတွေ့ခဲ့ရဘဲ သုံးရက်ကြာမှ အလောင်းကိုသာ ပြန်ရခဲ့တာလို့ သိရပါတယ်။

ပြန်ပေးဆွဲသတ်ဖြတ်ခံရမှုအပေါ် မိဘဖြစ်သူများက စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ ၇ တန်းကျောင်းသားကလေးငယ်ကို ပြန်ပေးဆွဲသတ်ဖြတ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပြန်ပေးဆွဲသူများဟာ မူးယစ်ဆေးဝါးသုံးသူများကြတယ်လို့လည်း သိရပါတယ်။

ပုံံစာ – ပြန်ပေးဆွဲသတ်ဖြတ်ခံရတဲ့ ၇ တန်းကျောင်းသား

ဆက်စပ် သတင်းများ

Most read