Homeပြည်တွင်းသတင်းလားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်ထည့်တာဟာ တော်လှန်ရေးသမားတွေရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို သစ္စာဖောက်တာဖြစ်တယ်လို့ SAC-M ပြော

လားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်ထည့်တာဟာ တော်လှန်ရေးသမားတွေရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို သစ္စာဖောက်တာဖြစ်တယ်လို့ SAC-M ပြော

၁၅ မေ၊ ၂၀၂၅

MNDAA က လားရှိုးမြို့ကို မြန်မာစစ်အုပ်စုထံ ပြန်လွှဲအပ်််််ဖို့ ဆုံးဖြတ်လိုက်တာဟာ မြို့လွတ်မြောက်ရေး အတွက် အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမား ရာပေါင်းများစွာရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို သစ္စာဖောက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ကပြောလိုက်ပါတယ်။

ဒီလိုပြန်ပေးလိုက်တာဟာ အန္တရာယ်ရှိပြီး အဖျက်သဘောဆောင်တဲ့ ရှေ့ပြေး သာဓက အသွင်တရပ်ကိုလည်း ဖြစ်ပေါ်စေပြီး MNDAA ရဲ့ တော်လှန်ရေးတိုက်ပွဲနဲ့ စစ်အုပ်စုအပေါ်

လုံးဝအောင်ပွဲခံရေးဆိုတဲ့ ကတိကဝတ်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ဒီကတိကဝတ်ကလည်း မြန်မာပြည်သူတွေနဲ့ အခြားတော်လှန်ရေးအင်အားစုအားလုံးအပေါ် MNDAA က ပြုလုပ်ထားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) မေလ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လားရှိုးမြို့ကို ပြန်ပေးဖို့ တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီကို ပြန်ပေးလိုက်ရတာဖြစ်ပြီး စစ်အုပ်စုအတွက် တရုတ်နိုင်ငံရဲ့ စစ်ရေးအထောက်အပံ့ပေးမှုနဲ့ မြန်မာနိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုဟာ လွဲမှားစွာ လောင်းကြေးထပ် ခြင်းတခုဖြစ်ပြီး စစ်အုပ်စုကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာဖြစ်တဲ့ လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှာ MNDAA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ညှိနှိုင်းပေါင်းစပ်ကာ ထိုးစစ်ဆင်နွှဲ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအောင်မြင်မှုဟာ တော်လှန်ရေး အင်အားစုတွေ အတွက် အလွန်အမင်း အထိအခိုက် အဆုံးအရှုံးတွေရှိခဲ့ပြီး မြန်မာစစ်တပ်အဖို့မူ သမိုင်း တလျှောက် အထင်ရှားဆုံး ရှုံးနိမ့်မှုတခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို တလကြာ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့တဲ့ ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀ ဦး ကျဆုံးခဲ့ပြီး ၁၀၀၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ SAC-M က ဖော်ပြပါတယ်။

လားရှိုးမြို့ကို ပြန်ပေးဖို့ တရုတ်အစိုးရရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီကို ပြန်ပေးလိုက်ရတာဖြစ်ပြီး စစ်အုပ်စုအတွက် တရုတ်နိုင်ငံရဲ့ စစ်ရေးအထောက်အပံ့ပေးမှုနဲ့ မြန်မာနိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုဟာ လွဲမှားစွာ လောင်းကြေးထပ် ခြင်းတခုဖြစ်ပြီး စစ်အုပ်စုကို ကယ်တင်နိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read