ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၂၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၀၂ ရှိအထိ ရှိတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ ရွာကျောင်းကို စစ်တပ်က မေလ ၁၂ ရက် မနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့မှုကြောင်း ကျောင်းဆရာမတွေအပါအဝင် ကျောင်းသား ကျောင်းသူ အများအပြားသေဆုံးခဲ့တာပါ။
လက်ရှိမှာတော့ ဒဏ်ရရှိသူတွေကို ဆေးကုသဖို့ အတွက် အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
အသေးစိတ်အခြေအနေများကို သေချာစွာ အတည်ပြုစစ်ဆေးပြီးမှ ဆက်လက်တင်ပြပေးမယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။


