Homeပြည်တွင်းသတင်းညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

၁၁ မေ၊ ၂၀၂၅

စစ်ကောင်စီရဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၃) တပ်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြပါတယ်။

တိုက်ပွဲမှ ပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ (၈၃) လက် ၊ဂျန်မာစက် (၃) လုံး နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကြောင်းနဲ့ တိုက်ပွဲတွင်း ရန်သူရုပ်အလောင်း (၃၀) ဦး တွေ့ ရှိရပြီး၊ စစ်သုံ့ပန်း ( ၆ ) ဦး နဲ့ မိသားစုဝင် ( ၇ ) ဦးကို ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်မှ တပ်ရင်းမှုးအပါအဝင် အရာရှိတွေ နဲ့ တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူး လှုပ်ရှား ဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့တွေနဲ့ အတူ ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ(၃)မှ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ : NUG/MOD

ဆက်စပ် သတင်းများ

Most read