၁၁ မေ ၊ ၂၀၂၅
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်အတွင်းက ကျည်တောက်ပေါက်ကျေးရွာကို မေလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ကလေး ငယ်တွေ အပါအဝင် ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
စစ်တပ်က အဆိုပါကျေးရွာကို တိုက်ပွဲဖြစ်ပွဲခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ အဆိုပါ မေလ ၁၀ ရက်နေ့တစ်ရက်ထဲမှာပဲ သပိတ်ကျင်းမြို့နယ်၊ဇရပ်ကွင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက် မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး မေလ ၇ရက် နေလည်၁၂နာရီ ၇မိနစ် အချိန်မှာလည်း တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ (၁)စီးမှာ သပိတ်ကျင်းမြို့နယ်တောင်ခြမ်း ရေထွက်ရွာကို လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် ပြည်သူ ကျား ၇ ဦး နဲ့ မ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်နိင်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ကိုလည်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့ က အသိပေးထားပါတယ်။
ဓာတ်ပုံ -ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ် ရေးအဖွဲ့