မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ရွာက ဓာတ်ဆီဆိုင်အနီးကို စစ်ကောင်စီလေတပ်က ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်မှာ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ လသားအရွယ်ကလေးများနှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဓာတ်ဆီဆိုင် အပါအဝင် နေအိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဧပြီ ၂၂ ရက် ည ၁၁ နာရီနောက်ဆုံး အခြေအနေတွေ အရ သိရပါတယ်။
ဒီအချက်အလက်တွေဟာ တိကျတဲ့ သတင်းရင်းမြစ်တွေကနေ ရရှိတဲ့ သတင်းအချက်အလက်တွေ ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ – CJ