Homeပြည်တွင်းသတင်းဆွမ်းစားနေစဉ် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲလို့ ကိုရင် ၁ ပါးနဲ့ ပြည်သူ ၂ ဦးသေဆုံး၊ သံဃာတွေ ဒဏ်ရာရ

ဆွမ်းစားနေစဉ် ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကျဲလို့ ကိုရင် ၁ ပါးနဲ့ ပြည်သူ ၂ ဦးသေဆုံး၊ သံဃာတွေ ဒဏ်ရာရ

၂၂ ဧပြီ၊ ၂၀၂၅

မွန်ပြည်နယ်၊ ဘီးလင်း မြို့နယ်၊ မင်းစောကျေးနယ်က မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး (၁) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး (၂) ဦးနဲ့ကိုရင် (၁) ပါးသေဆုံးခဲ့ကာ ဦးပဇ္ဇင်း (၂) ပါး၊ ကိုရင်ကြီး (၁) ပါး နှင့် အရပ်သား (၆) ဦးတို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က သိရပါတယ်။

စစ်ကောင်စီလေတပ်က ၂၀၂၅ ခုနှစ် ဧပြီလ (၁၉) ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ဘုန်းတော်ကြီးတွေ ဆွမ်းစားနေစဉ် ဂျက်ဖိုက်တာနဲ့ ကျဲချခဲ့တာဖြစ်ပြီး ဗုံးဟာ ဆွမ်းစား ကျောင်းဆောင်တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့ကာ ဆွမ်းကပ်လှူနေတဲ့ ကျောင်း ဒါယိကာမ နော်လှမြင့် (၆၅) နှစ်၊ နော်မဝဲ (၆၀) နှစ် နဲ့ (၃) ကိုရင် ရှင်‌ကေလာသ (၁၀) နှစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နော်မုကို့ (၂၆) နှစ်၊ စောမောင်ရွှေ (၇၀) နှစ်၊ စောမောင်ဂွတို (၆၂) နှစ်၊ နော်မမိုး (၂၇) နှစ်၊ စောမောင်နူ (၂၈) နှစ်၊ စောကျော်ကေ့ (၄၄) နှစ်၊ ဦးပဇ္ဇင်းဦးဥတ္တရ ဝါတော် (၅) ဝါ၊ ဦးပဇ္ဇင်းဥူးကိတ္တိ ဝါတော် (၂) ဝါ နဲ့ (၉) ကိုရင်ကြီးရှင်မာနိတ ဝါတော် (၁) ဝါ တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းစောကျေးရွာ ဘုန်းတော်ကြီး ကျောင်းကို ဘုန်းတော်ကြီးတွေ၊ကိုရင်တွေ၊ ဆွမ်းကပ်လှူဒါန်းသူ အရပ်သားများ ရှိနေတဲ့ ဆွမ်းစား ချိန်မှာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းက ဗုံးကြဲ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ပုံစာ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီး သေဆုံးရမှုများ။

ဓါတ်ပုံ – KNU

ဆက်စပ် သတင်းများ

Most read