ကမာရွတ်သတင်းမီဒီယာ ပူးတွဲတည်ထောင်သူဦးဟံသာညိန်း ဧပြီ ၁၇ ရက်မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ ကမာရွတ်သတင်းမီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်က New Day Myanmar ကိုအတည်ပြုပါတယ်။
၎င်းဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတာမဟုတ်ဘဲ လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
“ကိုဟံသာညိန်း လွတ်တာက Confirm ပါဗျ။ လွတ်ငြိမ်းချမ်းသာနဲ့လွတ်တာတော့မဟုတ်ဘူးပေါ့။ ရောထည့်တာပေါ့။ အမှန်တော့သူက နောက်အပတ်ဆို လွတ်ရက်စေ့ပြီပေါ့။ လွတ်နည်းရှိတယ့်နိုင်ကျဉ်းတွေကို ရောလွှတ်တာပေါ့။ တစ်ကယ်တော့ သူက အစုလိုက်အပြုံလိုက်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုတာ သိသာနေတာပဲ။အဲဒါတော့ Confirm ပေးနိုင်ပါတယ်” လို့ ကမာရွတ်သတင်းမီဒီယာ အယ်ဒီတာချုပ် ဦးနေသန်မောင်က New Day Myanmar ကိုပြောပါတယ်။
စစ်ကောင်စီဟာ ရန်ကုန်အခြေစိုက် ကမာရွတ်မီဒီယာရုံးခန်းကို ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တာဖြသ်ပြီး ဦးဟံသာညိန်းနဲ့အတူ အယ်ဒီတာချုပ် ဦးနေသန်မောင်တို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အယ်ဒီတာချုပ်ဖြစ်သူ ဦးနေသန်မောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ပုံစာ – ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းအား တွေ့ရစဥ်။
ဓါတ်ပုံ – CJ