Homeပြည်တွင်းသတင်းရန်ကုန်အင်းစိန်အကျဉ်းထောင်က အကျဉ်းသူ/သား ၂၀၀ လွှတ်ပေးခဲ့

ရန်ကုန်အင်းစိန်အကျဉ်းထောင်က အကျဉ်းသူ/သား ၂၀၀ လွှတ်ပေးခဲ့

၁၇ ဧပြီ၊ ၂၀၂၅

စစ်ကောင်စီက ဧပြီ ၁၇ (နှစ်ဆန်းတစ်ရက်နေ့) မှာ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ ၄၈၉၃ ဦးကို လွတ်ငြိမ်းနဲ့ လွှတ်ပေးခဲ့ပါတယ်။

ယင်းတွင် ရန်ကုန်အင်းစိန် အကျဉ်းထောင်က အကျဉ်းသူ/သား ၂၀၀ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်ပေးလိုက်တဲ့ အကျဉ်းသူ/သား ၂၀၀ မှာ နိုင်ကျဉ်းနဲ့လွတ်မြောက်လာသူဟာနည်းပြီး ခိုးဆိုးလုနှိုက်အများဆုံး လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

” နိုင်ငံရေးအကျဉ်းသားကနည်းတယ်။ ခိုးဆိုးလုနှိုက်များတယ်။ လွတ်ရက်စေ့ခါနီးသူတွေ သုံးနှစ်အောက် သမားတွေလွတ်တာများတယ်။ ကျန်တာမပါဘူး” လို့ လွတ်ငြိမ်းနဲ့ လွတ်လာသူတစ်ဦးက New Day Myanmar သတင်းဌာန ကိုပြောပါတယ်။

‌အင်းစိန်ထောင်းဘူးဝ ရှေ့မှာလည်း နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေကို မိသားစုဝင်တွေက မျှော်လင့်တကြီးနဲ့စောင့်ဆိုင်းနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဓာတ်ပုံ -NDM

ဆက်စပ် သတင်းများ

Most read