Homeပြည်တွင်းသတင်းမြန်မာငလျင်ဘေး ကနေဒါနိုင်ငံက ဒေါ်လာ ၉.၇၅ သန်း ကူညီမည်

မြန်မာငလျင်ဘေး ကနေဒါနိုင်ငံက ဒေါ်လာ ၉.၇၅ သန်း ကူညီမည်

ဧပြီ၊ ၂၀၂၅

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ကနေဒါ နိုင်ငံက ထောက်ပံ့ကူညီခြင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ဧပြီ ၇ ရက်မှာကြေညာပါတယ်။

လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံ အဆောက်အဦများကို ဖျက်ဆီးခဲ့တဲ့၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကို တုံ့ပြန်တဲ့ အနေနဲ့ ကနေဒါနိုင်ငံက ခုလိုထောက်ပံ့တာဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ ကနေဒါသံရုံးက ထုတ်ပြန်ပါတယ်။

အခု ထောက်ပံ့တွေကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ထောက်ပံ့တာ၊ အမိုးအကာ၊ အစားအသောက်နဲ့ အခြား အရေးပေါ်ပစ္စည်းတွေ ပေးအပ်ဖို့ အသုံးပြုသွားမယ်လို့ သိရပါတယ်။

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

Most read