Homeပြည်တွင်းသတင်းLGBT အရေးလှုပ်ရှားသူ စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူး မဲဆောက်မြို့တွင် ကွယ်လွန်

LGBT အရေးလှုပ်ရှားသူ စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူး မဲဆောက်မြို့တွင် ကွယ်လွန်

၁၀ မတ်၊၂၀၂၅

နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး LGBT အရေးလှုပ်ရှားသူတစ်ဦး အဖြစ်လူသိများသည့် စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူးမှာ ယမန်နေ့ မတ် ၉ ညပိုင်းက မဲဆောက်မြို့ တစ်နေရာမှာ ကွယ်လွန် သွားခဲ့ပါတယ်။

သူမဟာ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါနဲ့ လေဖြန်းဝေဒနာကိုလည်း ခံစားနေရပြီး မတ် ၉ ရက်နေ့ ည ၉ နာရီကျော်ချိန်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

စောဟန်နွေဦးကို LGBT အရေးလှုပ် ရှားသူတစ်ဦးအဖြစ်လည်း တော်လှန်ရေးအသိုင်းအဝန်းမှာ လူသိများပြီး LGBT တစ်ဦးအဖြစ် ၎င်းခံယူထားမှုအပေါ် ပွင့်ပွင့်လင်းလင်းချပြခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စပြီး ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဆေးကုသမှုစတင်ခံယူ နေရတာဖြစ်ပြီး ချင်းမိုင်မှတဆင့် မဲဆောက်မြို့ မယ်တော် ဆေးခန်း ကို ရွှေ့ပြောင်းပြီး ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

သူမသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ဇာတိဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် တော်လှန်ရေး ကာလတစ်လျှောက် စစ်သင်တန်းတွေတက်ရောက်ပြီး တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သူဖြစ်သလို စစ်တပ်ကဖမ်းဆီးပြီးနောက် ပြန်လွတ်ချိန် လွတ်မြောက် နယ်မြေသို့ ရောက်ရှိလာပြီး တက်ကြွလှုပ်ရှား သူတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး နာမည်အရင်းမှာ စောဒယ်နီယယ်လင်းအောင်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၂၈ နှစ်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

သူမရဲ့ ဈာပနအခမ်းအနားကို ယနေ့ မတ်လ ၁၀ ရက်၊ နေ့လည် ၁နာရီကျော်အချိန်က မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read