Homeပြည်တွင်းသတင်းပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားမယ်လို့ စစ်ရှုံးစစ်ကောင်စီပြော

ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားမယ်လို့ စစ်ရှုံးစစ်ကောင်စီပြော

၁၀ မတ် ၊ ၂၀၂၅

စစ်ကောင်စီအနေနဲ့ ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံခရီးစဉ်အပြီးမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

“ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေက ထဲထဲဝင်ဝင် ဝင်ရောက်ထောက်ခံပေးတဲ့အပြင် လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေ လည်း လွှတ်ပေးမယ်ဆိုတဲ့ ခံယူချက်မျိုး ရရှိခဲ့တယ်။ ပြည်သူတွေအနေနဲ့ ဝမ်းသာစရာက ကျွန်တော် တို့သည် ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေပြန်သွားမယ်။ မလွဲမသွေ ဆောင်ရွက်ပေးမယ်။ ဒါသည် အောင်မြင်ခဲ့တဲ့ နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ခရီးစဉ်ရလဒ်အနေနဲ့ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး နိုင်ငံရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေ က မြန်မာနိုင်ငံဘက်က ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ အာမခံချက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးတော့ အစောဆုံးသည် ဒီဇင်ဘာလ နောက်ဆုံးအပတ်၊ နောက်အကျဆုံးသည် ဇန်နဝါရီလ ဒုတိယအပတ်ဖြစ်ပြီးရွေးကောက်ပွဲနဲ့ပတ်သက်၍ ရုရှားနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံတွေအပြင် ကျန်တဲ့ နိုင်ငံတကာတွေက ထောက်ခံပေးတယ်လို့ စစ်ကောင်စီရဲ့ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read