Homeပြည်တွင်းသတင်းအွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို ထိထိရောက်ရောက် အရေးယူမှုတွေ ဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင် ပြောဆို

အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို ထိထိရောက်ရောက် အရေးယူမှုတွေ ဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင် ပြောဆို

၄ ဖေဖော်ဝါရီ၊ ၂၀၂၄

အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကြောင့် နိုင်ငံတော်မှာ အခက်အခဲဖြစ်ပြီး ထိထိရောက်ရောက် အရေးယူမှုတွေ ဆောင်ရွက်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၃ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောဆိုပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တာဝန်ရှိသူအဆင့်ဆင့်အနေနဲ့ ဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးအတွက် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ကျားဖြန့်နဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေကိုရော၊ သက်ဆိုင်ရာနယ်မြေအလိုက်တာဝန်ရှိသူတွေ ပတ်သတ်နေရင် ပတ်သတ်နေသူအားလုံးကိုပါ ထိရောက်စွာအရေးယူသွားမယ်လို့လည်း သူက ပြောဆိုပါတယ်။

ကရင်ပြည်နယ်မြဝတီမြို့နယ်အတွင်းက ကျားဖြန့်လုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ လက်အောက်က ကရင်နယ်ခြားစောင့်တပ် BGF ထိန်းသိမ်းအုပ်ချုပ်တဲ့နယ်မြေတွေအတွင်းမှာ ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read