၃၁ ဇန်နဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံမှာ HIV ဝေဒနာသည်တွေသောက်သုံးနေရတဲ့ အေအာတီ (ART) ဆေးဝါးပြတ်လုနီး ပါးဖြစ်နေပြီဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနထံက သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို HIV, တီဘီနဲ့ ငှက်ဖျားဆေး ထောက်ပံ့ပေးဝေမှုကို ရပ်ဆိုင်းထားဖို့ အမိန့်ပေးထားပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ HIV ပိုးကူးစက် ခံထားရသူတွေ သောက်သုံးရတဲ့ အေအာတီ (ART) ဆေးဝါးပြတ်လုနီးပါးဖြစ်နေတယ်လို့ စစ်ကောင် စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေအတွက်ထောက်ပံ့မှုကို ရက် ၉၀ ဆိုင်းငံ့ထားတာဖြစ်ပြီး အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ လူမှုကူညီရေး အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ဆေး ဝါးပေးဝေထောက်ပံ့မှု လုပ်ငန်းစဉ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။
အဆိုပါ ဆေးဝါးထောက်ပံ့မှုရပ်နားထားတာကြောင့် မြန်မာပြည်မှာ အေအာတီ (ART) ဆေးသောက်သုံးနေရတဲ့ သူတွေအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။
“ဆေးကတော့ ပြတ်လုနီးပါးဖြစ်နေတာပေါ့။ HIV ပိုးကူးစက်ခံထားရတဲ့သူတွေကလည်း တဖြည်းဖြည်း များလာတယ်။ ရတဲ့ဆေးနဲ့ လုံလောက်အောင်ထုတ်ပေးနေရတယ်။ အခုတော့ ဆေးပြန်ရဖို့ တတ်နိုင်သလောက် ဆွေးနွေးနေပါတယ်။ ရက် ၉၀ ထိတော့ တောင့်ခံထားရမှာပေါ့” လို့စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုး New Day Myanmar ကို ပြောပါတယ်။
မြန်မာမှာ HIV(အိတ်ချ်အိုင်ဗီ)ရောဂါပိုးကူးစက်ခံရသူတွေအတွက် ဆေးဝါးအခမဲ့ဖြန့်ဖြူးနေတဲ့ အမျိုးသား ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်ကို ကူညီထောက်ပံ့နေတဲ့ အမေရိကန်ရဲ့ နိုင်ငံတကာဖွံ့ ဖြိုး ရေးရန်ပုံငွေလည်း ရပ်တန့်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာမှာ HIV ပိုး ကူးစက်ခံထားရသူ ၂ သိန်း ၇ သောင်းကျော်ရှိပြီး ဒီထဲက နှစ်သိန်းနီးပါး ဟာ HIV ပိုးကူး စက်ခံထားရသူတွေ သောက်သုံးရတဲ့ အေအာတီ (ART) ဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနအောက်က အေအာတီဆေးကုသဌာနတွေကနေ ရယူနေကြရတာဖြစ်ပါတယ်။
Photo- MSF