Homeပြည်တွင်းသတင်းတရုတ်အစိုးရညွှန့်ကြားလို့ ကိုးကန့်နဲ့ နယ်စပ်ကုန်သွယ်ရေးကို "၀"ပြန်ဖွင့်ပေးပြီ

တရုတ်အစိုးရညွှန့်ကြားလို့ ကိုးကန့်နဲ့ နယ်စပ်ကုန်သွယ်ရေးကို “၀”ပြန်ဖွင့်ပေးပြီ

၂၀ ဇန်နဝါရီ၊ ၂၀၂၅

တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အရ “ဝ” ဒေသကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်တယ်လို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးက ဇန်နဝါရီ ၂၀ ရက်မှာ ကြေညာပါတယ်။

သာမာန်ပြည်သူတွေ နေ့စဉ်သုံးစွဲနေတဲ့ ကုန်ပစ္စည်းတွေ အပြင် စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကိုလည်း ပုံမှန်အတိုင်းရောင်းဝယ် နိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုးကန့် – တရုတ်နယ်စပ်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်အပြင် “ဝ” – တရုတ်နယ်စပ်က နမ့်တစ် (မန်ခါး)ဂိတ်တို့ကို ဇန်နဝါရီ ၁၉ ရက်ကပြန်လည် ဖွင့်ပေးခဲ့ကာ ဓာတ်ဆီတွေလည်း ရောင်းဝယ်လို့ ရနေပြီလို့ ဆိုပါတယ်။

ဒီကြေညာချက်ဟာ ပြီးခဲ့တဲ့ စနေနေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ကိုးကန့် တပ် MNDAA တို့ အပစ်ရပ်သဘောတူညီချက်လက်မှတ်ရေးထိုးပြီး နောက်ပိုင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြောက်ပိုင်းမဟာမိတ်တွေက မြောက်ပိုင်းဒေက စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေကို သိမ်းပြီးနောက်ပိုင်း တရုတ်အစိုးရက ကုန်သွယ်ခွင့်တွေ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

ပုံစာ – MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင် ရန်လုံကျိုင်းဂိတ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read