Homeနိုင်ငံတကာသတင်းဓါးစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်အောင်မြင်ပြီလို့ အစ္စရေးပြော

ဓါးစာခံတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်အောင်မြင်ပြီလို့ အစ္စရေးပြော

ဂျေရုဆလင်၊ ဇန်နဝါရီ ၁၇

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက  “ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူညီချက်တစ်ရပ်” ပြီးမြောက်ကြောင်း သောကြာနေ့ (ဇန်နဝါရီ ၁၇ ရက်) မှာ ပြောဆိုခဲ့ပြီး  ဒီနေ့နေ့နှောင်းပိုင်းမှာ လိုအပ်တဲ့ ဆွေးနွေးပြင်ဆင်မှုတွေ လုပ်ဖို့ နိုင်ငံရေး-လုံခြုံရေးဝန်ကြီးအဖွဲ့ကို အမိန့်ပေးခဲ့တဲ့အကြောင်း သိရပါတယ်။

“ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက  ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ သဘောတူညီချက်တွေ ရထားပြီးပြီလို့ ညှိနှိုင်းရေးအဖွဲ့က အကြောင်းကြားထားပါတယ်” ဆိုပြီး အစိုးရအဖွဲ့ရုံးရဲ့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါရုံးရဲ့ ပြောဆိုချက်တွေထဲမှာ ဟားမတ်စ်တို့က ခြိမ်းခြောက်ငွေညှစ်ဖို့ ကမ်းလှမ်းမှုတွေရှိခဲ့လို့ ပယ်ချခဲ့တယ်လို့လည်း ပြောပါတယ်။ အဲ့ဒီစွပ်စွဲချက်ကို ဟားမတ်စ်က ငြင်းဆိုထားတယ်ိလို့ ဆိုပါတယ်။

“ဝန်ကြီးချုပ်က နိုင်ငံရေး လုံခြုံရေး ဝန်ကြီးအဖွဲ့ကို မနက်ဖြန် (သောကြာနေ့) ခေါ်ယူဖို့ အမိန့်ပေးခဲ့ပါတယ်။ အဲဒီနောက် သဘောတူညီချက်ကို အတည်ပြုဖို့ အစိုးရကို ခေါ်ယူမှာပါ” လို့  နေတန်ယာဟု ရုံးက ပြောပါတယ်။

ဓားစာခံတွေရဲ့  မိသားစုတွေကို အကြောင်းကြားထားပြီး သူတို့ ပြန်လာချိန်မှာ ပြန်လက်ခံဖို့ ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း သိရပါတယ်။

Ref: AFP

ဆက်စပ် သတင်းများ

Most read