Homeပြည်တွင်းသတင်းအာဏာသိမ်းပြီးနောက် ရပ်နားခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီနဲ့ ရွှေသံလွင်ကုမ္ပဏီတို့ အကောင် အထည်ဖော်ဖို့စတင်

အာဏာသိမ်းပြီးနောက် ရပ်နားခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီနဲ့ ရွှေသံလွင်ကုမ္ပဏီတို့ အကောင် အထည်ဖော်ဖို့စတင်

၁၅ ဇန်နဝါရီ၊ ၂၀၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လက်ထက်က စတင်ခဲ့တဲ့ ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ရန်ကုန်မြို့ သစ်စီမံကိန်းကို စစ်တပ်လက်အောက်ခံ ရွှေသံလွင်ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ စီမံကိန်း နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဆိုပါစီမံကိန်းကို စစ်ကောင်စီဥက္ကဌ တရုတ်ခရီးစဉ်ပြီးနောက်ပိုင်းပြန်လည်စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီခေါင်းဆောင်ရဲ့ ၁၀ ရက်ကြာ ဆယ်ရက်ကြာသွားရောက်ခဲ့တဲ့ တရုတ်ခရီးစဉ်အတွင်း ၎င်းနဲ့အအတူ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့လည်း လိုက်ပါသွားခဲ့တာဖြစ်ပြီး အဲ့ဒီ ခရီးစဉ်ပြီးနောက်ပိုင်း စစ်ကောင်စီဟာ စီမံကိန်းကိုပြန်လည်စတင်ဖို့လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၂ ခုနှစ်မှာ မြို့သစ်စီမံကိန်းမှာပါဝင်တဲ့ ဒါရိုက်တာအဖွဲ့ဝင်အချို့ကို အပြောင်းအလဲလုပ်ခဲ့ တယ်လို့ သိရပါတယ်။

ယခုအခါ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရွှေသံလွင်ကုမ္ပဏီက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ဖို့ မျှော်မှန်း ထားတာဖြစ်ပါတယ်။

” စီမံကိန်းက အခုပြန်စဖို့လုပ်နေပြီ။ ဒါကလည်း တရုတ်ခရီးစဉ်ပြီးနောက်ပိုင်း ပြန်စဖြစ်တာလို့ပြောလို့ရမယ်။ သိထားတာက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကလည်း ဒီအခြေအနေတိုင်းဆို စလို့မရတော့ဘူး။ အဲဒီ တော့ ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်ပြီး ရေနက်ဆိပ်ကမ်းပါတစ်ခါတည်းလုပ်မယ်ဆိုပြီး သိရတယ်” ဟု ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းနယ်မြေမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ ကုန်ကျမှာဖြစ်ပြီး စက်မှုဇုန်၊ အိမ်ရာ၊ ဈေးဝယ်စင်တာ၊ အမြန်ရထား၊ ဘတ်စကား အစုံအလင်ထည့် သွင်းပြီး နည်းပညာသုံးစက်မှုမြို့သစ်အဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တွေက မြေဧက ၃၇၀,၀၀၀ ကျော်သုံးမယ့် ရန်ကုန်မြို့သစ်စီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်မှာ ဦးသိမ်းဝေက လုပ်ကိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Serge Pun ခေါ် ဦးသိမ်းဝေဟာ ရိုးမဘဏ်လုပ်ငန်း၊ FMI အိမ်ရာ၊ သန်လျင်စတားစီးတီး အိမ်ရာစီမံကိန်းတွေ အပါအဝင် လုပ်ငန်းကဏ္ဍမျိုးစုံတွင် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး လက်ရှိမှာတော့ စစ်ကောင်စီကရဲ့ ဖမ်းဆီးထိန်းသိမ်းမှုခံထားရသူလည်းဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read