၁၀ ဇန်နဝါရီ၊ ၂၀၂၅
စစ်ကောင်စီရဲ့ တတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အရပ်သားပြည် နှစ်ထောင်နီးပါး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်မှုအရ သိရပါ တယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် လိင် စိတ်ခံယူမှုကွဲပြားသူ (၁) ဦး၊ အမျိုးသမီး (၆၂၈) ဦး နဲ့ အမျိုးသား (၁၁၉၄) ဦး စုစုပေါင်း (၁၈၂၃) ဦး သေဆုံး ခဲ့တာကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါသေုံးခဲ့တဲ့ စာရင်းအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၄၈) ဦး ပါဝင်နေပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ(၆၄၁) ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးနဲ့တိုက်ခိုက်ခံရမှုကြောင့် (၅၂၅) သေဆုံး ခဲ့ကြောင်းနဲ့ လေကြောင်းနဲ့ လနက်ကြီးတိုက်ခိုက်မှုကြောင့် သေဆုံးတာများတယ်လို့လည်း ထုတ်ပြန် ထား ပါတယ်။
ထို့ပြင် တနှစ်တာကာလအတွင်း နိုင်ငံတဝန်းမှာ စစ်အုပ်စုက လိင်စိတ်ခံယူမှုကွဲပြားသူ (၁) ဦး၊ အမျိုးသမီး (၂၁၅) ဦး နဲ့ အမျိုးသား (၅၅၀) ဦး စုစုပေါင်း (၇၆၆) ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းမှာ (၂၀၈) ဦး နဲ့ အများ ဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး အဆိုပါကာလအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ တရားရုံးတွေက မတရား ပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ အမျိုးသမီး (၁၂၆) ဦး နဲ့ အမျိုးသား (၅၀၇) ဦး စုစုပေါင်း (၆၃၃) ဦး ရှိခဲ့ပြီး ထိအထဲမှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံထားရသူ (၄၈) ဦး နဲ့ သေဒဏ်ချမှတ်ခံထားရသူ (၆) ဦး ပါဝင်တယ်လို့ သိရပါတယ။ အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူ (၆၃၃) ဦးအတွင်းမှာလည်း စစ်ကိုင်းတိုင်းက (၄၈၂) ဦးနဲ့ အများဆုံး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
Photo – TNLA