၁၉ ဒီဇင်ဘာ၊ ၂၀၂၄
မကွေးတိုင်း၊ ပခုက္ကူမြိုနယ်နဲ့ မြိုင်မြိုနယ်အစပ်ကကျေးရွာဆယ်ရွာထက်မနည်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး အကြမ်းဖက် သတ်ဖြတ်နေတာကြောင့် ဒေသခံ ပြည်သူ တစ်သောင်းဝန်းကျင်လောက် ဘေးလွတ်ရာကို ရှောင်နေရတယ်လို ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ပခုက္ကူမြိုနယ်အနောက်ဘက် နဲ့ မြိုင်မြိုနယ် တောင်ဘက်မှာရှိတဲ့ ရေလာလေးရွာက စစ်တပ်နဲ့ပျုစောထီးပူးတွဲထိုင်ထားတဲ့တပ်စခန်းကို ဒီဇင်ဘာ ၁၁ ရက်က တော်လှန်ရေးတပ်တွေက တိုက်ိခုက်ခဲ့တဲ့အတွက် အနီးတဝိုက်က ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး အကြမ်းဖက်နေတာပါ။
ရေလာလေးရွာတပ်စခန်းကို စီးနင်းတဲ့အခါ သေနတ် ၁၈ လက်နဲ့ သုံပန်း ၇ ဦး ဖမ်းဆီးရမိပြီး ရန်သူဘက်က ၆ ဦးသေဆုံးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစု Earthquake people`s defence force က ဒီဇင်ဘာလ ၁၃ ရက်က ထုတ်ပြန်ပါတယ်။
ရေလာလေးရွာစခန်းတိုက်ခိုက်ခံရပြီးထဲက စစ်ကြောင်းဆက်တိုက်ထိုးနေပြီး ထိတွေ့တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွားနေတယ်လို ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဟာ ပခုက္ကူမြိုနယ်က ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို သိရပါတယ်။
ထန်းတပင်နဲ့ ရေသာကြီးကျေးရွာကြားမှာ စစ်ရှောင်သက်ကြီးရွယ်အိုရောဂါနဲ့သေဆုံးတာကို သွားရောက်ကူညီပေးတဲ့ တော်လှန်ရေးရဲဘော် ၂ ဦးကိုလည်း စစ်ကောင်စီက ပစ်ခတ်ခဲ့ပြီး ၁ ဦး ကျဆုံးခဲ့ကြောင်း ပခုက္ကူမြိုနယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲဝင်က အသိပေးပါတယ်။
ဒီဇင်ဘာ၁၇ ရက်မှာ ရွာသာအေးရွာ နှင့် ပြည့်အိုင်ရွာက အိမ်တွေကို မီးရှိခဲ့ပြီး ဒီဇင်ဘာလ ၁၈ ရက်ကလည်း မြိုင်မြိုနယ်၊ ဝက်ကြုံးကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှိခဲ့တယ်လို သိရပါတယ်။
ပခုက္ကူနဲ့ မြိုင်မြိုနယ်အတွင်းက ဝက်ကြုံး၊ ရေလာကြီး၊ ဝါးကျွန်းတွင်း၊ ပြည့်အိုင်၊ ထန်းတပင်၊ ရွာသာအေး၊ ပဒိုင်းကော၊ အောင်သာ၊ ရေမျက် နဲ့ ဖောင်ကျောင်းစတဲ့ ကျေးရွာကြီး၁၀ရွာက ပြည်သူ တစ်သောင်းနီးပါးဟာ စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို သိရပါတယ်။
ပုံစာ – ဒီဇင်ဘာ၁၃ ရက်က ရေလာကြီးကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှိစဉ်
Photo – နွေဦးတော်လှန်ရေး – မြိုင်