၁၉ ဒီဇင်ဘာ၊၂၀၂၄
မုံရွာမြို့မ ရဲစခန်းအတွင်းရှိ ရဲအချုပ်အတွင်း မတရားဖမ်းဆီးခံထားရတဲ့ အချုပ်သားတွေအပေါ် စစ်ကောင်စီ မြို့မရဲစခန်း ရဲဝန်ထမ်းတွေက လုံလောက်တဲ့ နေရာထိုင်ခင်းများမပေးတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သင့်တင့်လျောက်ပတ်တဲ့ အစားသောက်တွေ ကျွေးမွေးခြင်းမပြုလုပ်ကြောင်း စုံစမ်းသိရှိရတယ်လို့ မြန်မာနိုင် ငံလုံး ဆိုင် ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM )က ထုတ်ပြန်ထားပါတယ်။
မုံရွာမြို့မရဲစခန်း ရဲဝန်ထမ်းတွေအနေနဲ့ အကျဉ်းသားမိသားစုတွေက ပေးပို့လာတဲ့ ငွေကြေး နဲ့ အခြားပစ္စည်း တွေကိုလည်း ဖြတ်ယူခြင်း၊အလွဲသုံးစားပြုခြင်းတွေကိုလည်း ကျူးလွန်လျက်ရှိတဲ့အပြင် စိတ်မကျေနပ်တဲ့ အခါတိုင်း အကျဉ်းသားတွေအပေါ် ဆဲရေးတိုင်းထွာခြင်း၊ စိတ်ရှိတိုင်း ပြောဆိုခြင်းတွေ နေ့စဉ်ရက်ဆက် ကျူး လွန်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
“လက်ရှိကျွန်တော်တို့ စုံစမ်းသိရသလောက် မုံရွာမြို့မ အချုပ်ခန်းမှာ ပေ ၄၀ လောက်ပဲရှိတဲ့အခန်းလေးထဲမှာ အကျဉ်းသား ၁၅၀ / ၂၀၀ ထဲ့ထားတယ် အဲ့ဒီလူ ၂၀၀ လောက်အတွက် ရဲစခန်းအချုပ်က ခရမ်းသီးချက်နဲ့ ချက်ထား တဲ့ထမင်းအထုပ်တစ် ၁၀၀ ပဲပေးပါတယ်။ ကျန်းမာရေးအရ မစားနိုင်ရင် ရဲတွေချက်တဲ့ ထမင်းကို တစ်လ နှစ်/သုံးသိန်းပေး ပြီးစားနေရတယ်လို့သိရတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ကိုသိုက်ထွန်းဦးက New Day Myanmar ကိုပြောပါတယ်။
အကျဉ်းသားမိသားစုတွေမှ အကျဥ်းသားတွေအား လစဉ်ထောက်ပံ့နေသည့် ငွေများအပေါ်တွင်လည်း ရဲဝန်ထမ်းများမှ အကျဉ်းသားအများစုမှာ အကျဉ်းထောင်ကိုပို့ရမယ့်အနေအထားမှာရှိနေပြီး ရဲဝန် ထမ်းတွေကအချုပ်သား တွေဆီကလစဉ် ဝင်ငွေရရှိနေတာကြောင့် ၃၀ ရာခိုင်နှုန်း အထိ ဖြန်ယူနေပြီး အကျဉ်းသား အများစုမှာ အကျဥ်းထောင်သို့ ပို့ဆောင်ရမည့်သူများရှိသော်လည်း ဒီလိုထိန်းသိမ်း ထားခြင်းအားဖြင့် အချုပ်သားတွေဟာ တွေဆီကလည်းလစဉ်ဝင်ငွေတွေရနေတာကြောင့်ဖြစ်ကြောင်းနဲ့ ဒီလိုလုပ်ရပ်တွေဟာ လုံးဝလုပ်ဆောင်ရန်မ သင့်တဲ့ လုပ်ရပ်တွေဖြစ်သလို မတည်ငြိမ်သေးတဲ့ အခြေ အနေ တွေအပေါ် မုံရွာမြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကပါ အကျဉ်းသားတွေအပေါ် ကိုယ်ကျိုးစီးပွားရှာ ခေါင်းပုံဖြတ်လျက်ရှိနေတာကို PPNM စုံစမ်းစီစစ်အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာမြို့မ စခန်းမှူး ပြည့်လင်းအောင် နဲ့ ဂတ်စာရေး ချစ်ညိုညိုဆိုသူတို့မှာ နိုင်ငံရေးအကျဉ်းသား အကျဉ်း သူတွေအပေါ် အဓိက ဖိနှိပ်သူဆဲရေးတိုင်းထွာလုပ်ဆောင်နေတဲ့ သူတွေဖြစ်ကြောင်း စုံစမ်း သိရှိရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM )က ထုတ်ပြန်ထားပါတယ်။
Photo – PPNM