Homeပြည်တွင်းသတင်းလောက်ကိုင်မြို့မှာ လူ ၁၅ ဦးကို တရားစီရင်ပြီး ၆ ဦးကို MNDAA သေဒဏ်ပေး

လောက်ကိုင်မြို့မှာ လူ ၁၅ ဦးကို တရားစီရင်ပြီး ၆ ဦးကို MNDAA သေဒဏ်ပေး

၅ ဒီဇင်ဘာ၊ ၂၀၂၄

ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ လူ ၁၅ ဦး ဝန်းကျင်ကို တရားစီရင်ခဲ့ပြီး လူသတ်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်တဲ့ ၆ ဦးကိုတော့ သေဒဏ်ပေးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

သေဒဏ်ပေးခံရတဲ့ ၆ ဦးမှာ အမျိုးသမီးတစ်ဦးပါဝင်တယ်လို့ သိရပြီး ကျန်တဲ့သူတွေကို အမှုအကြီးအသေးအလိုက် ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀ ထိ ကိုးကန့်အာဏာပိုင်တွေက ပြစ်ဒဏ် ချခဲ့တယ်လို့ သိရပါတယ်။

ဒီတရားစီရင်မှုကို တရုတ် – မြန်မာ၊ နယ်စပ်မျဥ်းတိုင်အမှတ် BP 125 မှာ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။ တရုတ် – မြန်မာ နယ်စပ်က ကိုးကန့်နဲ့ ‘ဝ’ တပ်တို့ဟာ လူသတ်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်တဲ့သူတွေကို အခုနှစ်အတွင်းမှာ သေဒဏ်ပေးတာနဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်တာတွေ ပြုလုပ်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ “ဝ’’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ရဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဟာ ဟိုပန်မြို့မှာ ဓားပြတိုက်ရင်း ကလေးငယ်ကို သတ်ခဲ့တဲ့ တရားခံကို သေဒဏ် စီရင်ခဲ့ပါတယ်။

ပုံစာ – ၂၀၂၄၊ ဧပြီလအတွင်း ပြန်ပေးဆွဲလူသတ်ခဲ့မှုကျူးလွန်သူ ၁၀ ဦးကို သေဒဏ်အမိန့်ချစဉ်(ပုံဟောင်း)

Photo – Screencapture

ဆက်စပ် သတင်းများ

Most read