၂ ဒီဇင်ဘာ၊၂၀၂၄
ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူးတာဝန်ရှိသူ တစ်ဦးကို RCSS တပ်ဖွဲ့မှ လုပ်ကြံ သတ်ဖြတ်ပြီး တွဲဖက်စာရေးဖြစ်သူကိုဖမ်းဆီးသွားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာ အုပ်စုက အများပြည်သူ ရွေးချယ်တင်မြှောက် ထားတဲ့ အသက် (၂၈) နှစ်အရွယ်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်သူ စိုင်းစံအောင်ဆိုသူကို RCSS တပ်ဖွဲ့ မှ ချောင်းမြောင်းပစ်ခတ်ရာ ၎င်းနေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး စိုင်းစံ အောင်နှင့်တွဲဖက် စာရေးတာဝန်ထမ်းဆောင်သူ နားပုံကျေးရွာက အသက် (၃၁) နှစ်အရွယ် စိုင်းပန်တိကိုပါ ဖမ်းဆီးသွားတယ်လို့ SSPP ရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
ပြီးခဲ့တဲ့ ၃၀ ရက်နေ့ ည ၇နာရီခွဲအချိန် နားပုံကျေးရွာဖုန်းကြီးကျောင်းမှာ ဒေသခံ ပြည်သူတွေ ရှမ်းနှစ် သစ်ကြို ဆိုပွဲ ကျင်းပပြုလုပ်နေစဉ် အုပ်ချုပ်ရေးမှူး စိုင်းစံအောင်က ပွဲခင်းမှ နားပုံကျေးရွာ ရွာသူကြီးနေအိမ်ကို အလည် သွားပြီး မော်တော် ဆိုင်ကယ်နဲ့ ည ၁၀ နာရီခွဲ အချိန် ရွာသူကြီးအိမ်မှ ၎င်းနေ အိမ်ကိုအပြန် နားပုံကျေးရွာရဲ့ နတ် စင် အနောက်ဘက်ရောက်ရှိစဉ် RCSS တပ်ဖွဲ့မှ ချောင်းမြောင်းလုပ်ကြံပစ်ခတ် လိုက်တဲ့အတွက် အခင်းဖြစ် ပွား နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဆက်လက်ပြီး စိုင်းစံအောင်နဲ့ တွဲဖက် စာရေးဖြစ်သူ စိုင်းပန်တိကိုလည်း ၎င်းရဲ့ နေအိမ်ထိ သွားရောက် ရှာဖွေပြီး ဖမ်း ဆီးသွားခဲ့ကြောင်းနဲ့ ပစ်ခတ်ခံရသူ စိုင်းစံအောင် နဲ့ ဖမ်းဆီးခံရသူ စိုင်းပန်တိ တို့ မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့ နယ် နားပုံကျေးရွာအုပ်စု နားပုံကျေးရွာတွင်နေထိုင်ပြီး အများပြည်သူ ကြည်ညိုလေးစားရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
Photo:- SSPP Info