၁၉ နိုဝင်ဘာ၊ ၂၀၂၄
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊က မြို့ဦးပရိယတ္တိစာသင်တိုက်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး ဒီပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။
နိုဝင်ဘာလ ၁၈ရက်၊ မနက် ၈နာရီ ၁၀မိနစ်ဝန်းကျင်မှာ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်းအတွင်းက မြို့ဦးကျောင်းတိုက် ဘုန်းကြီးကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နြို့ဦးကျောင်းထိုင်ဆရာတော်မှာနေရာမှာတင်း ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မေတ္တာညွန့်ဆိုပေမယ့်သူက သံသုမာလမ်းခြားတယ်။ မြန်မာ့ဂုဏ်ရောင်ဝင်းထဲက မြို့ဦးကျောင်းတိုက်ပေါ့၊ ပေါက်ကွဲသွားတာက၊ ဘုန်းဘုန်းက ခြံစည်းရိုးဘေးက အခန်းမှာ သီတင်းသုံးတာ၊ အခုက လက်ပစ်ဗုံးလို့လည်း ပြောတယ်၊ ပါဆယ်ဗုံးလို့လည်း ပြောတယ်၊ ကထိန်ပဒေသာပင်ကလို့လည်း ပြောတယ်။ လက်လုပ်လက်ပစ်ဗုံးကတော့ ပိုဖြစ်နိုင်တယ်” လို့ မေတ္တာညွန့်ရပ်ကွက်နေသူ တစ်ဦးက New Day Myanmar ကို ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် မြို့ဦး ပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်းတွင် သီတင်းသုံးနေသည့် ရပ်ကွက်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ သက်တော် (၅၇)နှစ်၊ ဝါတော်(၃၇)နှစ် ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။ ဖောက်ခွဲမှုကို ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးရှာဖွေနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကကြေညာထားပါတယ်။
ပုံစာ – အခင်းဖြစ်ပွားပြီးနောက် မြို့ဦးကျောင်းတိုက်
Photo – Citizen