၁၈ အောက်တိုဘာ၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း မန်အောင်ခရိုင်၊ နမ့်ဖက်ကာမြိုနယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာနေ အမျိုးသား ၂ဦး (၆၀)မမ အမျိုးအစားလက်နက်ကြီးတစ်လုံးကို ယူလာပြီးဖြုတ်ရာမှ ပေါက်ကွက်မှုဖြစ်ပွားပြီး နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၁၀း၀၀ အချိန်က ပန်ခါးကျေးရွာနေခွန်ဂျာချောင် အသက် (၂၇)နှစ်နှင့် ခိုမုန်းကျေးရွာနေ ဦးညီထွမ်း အသက် (၆၀)နှစ် တို့နှစ်ဥှးမှာ တိုက်ပွဲအတွင်း မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးတစ်လုံးအတွင်းက ယမ်းမှုန့်တွေကို ထုတ်ယူဖို့ကြိုးပမ်းနေရင်းက ပေါက်ကွဲသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားသည့်နေရာကို TNLA လက်အောက်ခံ မန်အောင်ခရိုင် နမ့်ဖက်ကာရဲတပ်ဖွဲ့မှ သွားရောက် ကြည့်ရှူစစ်ဆေးခဲ့တယ်လို့ TNLA က ထုတ်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း နမ့်ဖတ်ကာမှာ အမျိုးသားတစ်ဦး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး တစ် လုံးကို ယူဆော့မိရာမှ ပေါက်ကွဲပြီးသေဆုံးမှုဖြစ်ခဲ့သလို မေလ ၁၃ ရက်နေ့လည်း မပေါက်ကွဲသေးတဲ့ မိုင်းကို ကလေးတွေ ယူဆော့ရာမှ ပေါက်ကွဲပြီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
Photo – PSLF/TNLA