Homeပြည်တွင်းသတင်းမတ္တရာတိုက်ပွဲတွေအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း MDY PDF ပြောဆို

မတ္တရာတိုက်ပွဲတွေအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း MDY PDF ပြောဆို

၁၄ အောက်တိုဘာ၊ ၂၀၂၄

မတ္တရာမြိုနယ်အတွင်းမှာ မိမိတို့ သိမ်းယူထားတဲ့ တပ်စခန်းတွေကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ကြေညာပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီဟာ လေကြောင်းက ဗုံးကြဲ၊ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ထိုးစစ်ဆင်နေပေမယ့် နယ်မြေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ မတ္တရာမြိုနယ် တိုက်ပွဲတွေမှာ စစ်ရေးပစ်မှတ်တွေကိုသာမကဘဲ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ ပြောဆိုပါတယ်။

အောက်တိုဘာလ (၁၁)ရက်၊ နေ့လယ် ၁:၃၀ ဝန်းကျင်မှာ မတ္တရာမြိုနယ် ၊ ဝေါစုကျေးရွာက စစ်ရှောင်စခန်းကို အကြောင်းမဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သံဃာတော်တွေ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ MDY PDF က ထုတ်ပြန် ကြေညာပါတယ်။

မတ္တရာမြိုနယ်၊ ဝေါစုကျေးရွာစစ်ရှောင်စခန်းကို လေကြောင်းက တိုက်ခိုက်ခဲ့တာဟာ စစ်ဆင်ရေးနဲ့ လုံးဝမသက် ဆိုင်ဘဲ အရပ်သား ပြည်သူတွေကိုပစ်မှတ်ထားတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ MDY PDF က ကြေညာပါတယ်။

ပုံစာ – သိမ်းဆည်းရမိတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းများ

Photo – MDY PDF

ဆက်စပ် သတင်းများ

Most read