Homeပြည်တွင်းသတင်းဗီဇာသက်တမ်းမကျန်တော့သူများ မြန်မာသံရုံးကို ကိုယ်တိုင်လာရောက်ပြီး ထောက်ခံစာယူဖို့ မြန်မာသံရုံ့း(ဗန်ကောက်)သတိပေး

ဗီဇာသက်တမ်းမကျန်တော့သူများ မြန်မာသံရုံးကို ကိုယ်တိုင်လာရောက်ပြီး ထောက်ခံစာယူဖို့ မြန်မာသံရုံ့း(ဗန်ကောက်)သတိပေး

၉ အောက်တိုဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa)တို့နဲ့ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးဖို့ လိုအပ်လာရင် ထောက်ခံစာကို ကိုယ်တိုင်လာရောက်ပြုလုပ်ဖို့ မြန်မာသံရုံး(ဗန်ကောက်) က အောက်တိုဘာ ၉ ရက်က ထုတ်ပြန်သတိပေးလိုက်ပါတယ်။

ထောက်ခံစာကို နေထိုင်ခွင့်သက်တမ်း အနည်းဆုံး ၇ ရက် ကျန်ရှိဖို့လိုနေသူတွေကိုသာ ပြုလုပ်ပေးတာ ဖြစ်ပြီး ၇ ရက်မကျန်သူတွေနဲ့ သက်တမ်းကျော်လွန်နေထိုင်သူတွေကို ထောက်ခံစာပြုလုပ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရက်ကျော်လွန်ပြီး နေထိုင်သူတချို့ဟာ ထိုင်းနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကို လာပြီး မြန်မာသံရုံးရဲ့ ထောက်ခံစာအတု (အတု) နဲ့ ဗီဇာသက်တမ်းတိုး လျှောက်ထားနေတယ်လို့ သက်ဆိုင်ရာထိုင်းအာဏာပိုင်တွေက အသိပေးလာတယ်လို့ ဆိုပါတယ်။

ထောက်ခံစာနဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စတွေ ဆောင်ရွက်ဖို့ နိုင်ငံတကာသံရုံးတွေက သက်ဆိုင်ရာနိုင်ငံရဲ့ ဌာနတွေကို သံရုံးရဲ့ ကောင်စစ်အရာရှိတွေရဲ့ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့တဲ့ ထောက်ခံစာတွေရဲ့ စာနံပါတ်နဲ့ ရက်စွဲတွေကို ပေးပို့ထားတဲ့အတွက် အလွယ်တကူ တိုက်ပြီး စစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

အတုအပပြုလုပ်ပေးသူ၊ အတုအပထောက်ခံစာနဲ့ ထိုင်းနိုင်ငံရဲ့ သက်ဆိုင်ရာဌာနတွေကို လာရောက်သူတွေကို တွေ့ရင် နိုင်ငံကူးလက်မှတ်ပယ်ဖျက်တာ၊ ဥပဒေကြောင်းအရ အရေးယူတာတွေ ပြုလုပ်ဖို့ ညှိနှိုင်းထားတယ်လို့ မြန်မာသံရုံး(ဗန်ကောက်)က သတိပေးကြေညာချက် ထုတ်ပြန်သွားပါတယ်။

Photo – မြန်မာသံရုံး(ဗန်ကောက်)

ဆက်စပ် သတင်းများ

Most read