Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှု လုံးဝလက်မခံဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IECက ထုတ်ပြန်

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှု လုံးဝလက်မခံဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IECက ထုတ်ပြန်

၂၈ စက်တင်ဘာ၊၂၀၂၄

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှု လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IECက ယနေ့စက်တင်ဘာလ ၂၈ နေ့မှာ ထုတ်ပြန်အသိပေးလာပါတယ်။

အကြမ်းဖက် တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်ဟာ ဒီမိုကရေစီအင်အားစုတွေအကြား သွေးခွဲ ရန်ရည် ရွယ်ချက်နဲ့ ကမ်းလှန်းတာဖြစ်လို့ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို လူထုပေါင်း စုံမှ တက် ညီ လက်ညီ ဆန့်ကျင်ကြတာကြောင့် ၎င်းတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေမှာ တရားဝင်မှု မရှိတော့တဲ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာဖြင့် သက်ရောက် မှု မရှိတော့ဘူးလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က ဆိုပါတယ်။

ဒီအခြေအနေမှာ တရားမဝင်အာဏာသိမ်းစစ်တပ်က ပြည်သူတွေအတင်းအဓမ္မစစ်မှုထမ်း စေခြင်း၊ သန်းခေါင်စာရင်းကောက်ယူရန် အားထုတ်လာ ခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလိုတာကြောင့် ရွေး ကောက်ပွဲ ပြုလုပ်ဖို့ ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစုတွေအကြား သွေးခွဲရန်ရည်ရွယ်ချက်နဲ့ အတုအယောင် ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းစသောအချက်တွေ ပါဝင်တဲ့ထုတ်ပြန်ချက် တစ်ခု ကို ပြုလုပ်လာတာဖြစ်ကြောင်း ဆက်လက်ပြော ဆိုထားပါတယ်။

တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်ကို လက်ရှိ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကိုပိုမိုဖန်တီးစေမယ့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်တယ်လို့ ကရင်နီ ပြည်ကြားကာလအုပ်ချုပ် ရေးကောင်စီမှ ရှုမြင်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ တရားမဝင်အာဏာသိမ်း စစ်တပ်ရဲ့ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွား မည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့ရဲ့ မတရား လုပ်ဆောင်မှုတွေကို တားမြစ်သွား မည်ဖြစ်ကြောင်းနဲ့ တခြားသောပြည်နယ်များနဲ့ ဖက်ဒရယ်ယူနစ်တွေအနေနဲ့လည်း လူထုဆန္ဒ အတိုင်းညီညွတ်စွာ ဆက်လက်ရပ်တည်ကြဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

Photo – IEC

ဆက်စပ် သတင်းများ

Most read