Homeနိုင်ငံတကာသတင်းလိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းဘုရင်မင်းမြတ် အတည်ပြု

လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းဘုရင်မင်းမြတ် အတည်ပြု

၂၆ စက်တင်ဘာ၊ ၂၀၂၄

လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေမူကြမ်းကို ထိုင်းဘုရင်မင်းမြတ်က အတည်ပြု လက်မှတ်ထိုးပေးပြီး တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်လိုက်တဲ့အတွက် လိင်တူလက်ထပ်ခွင့် ဥပဒေ နောက်နှစ်မှာ ပေါ်ထွက်လာတော့မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ရဖို့ ထိုင်းအထက်လွှတ်တော်အမတ်တွေက ၂၀၂၄ ခုနှစ် ဇွန်လမှာ အတည်ပြုခဲ့တာ ဖြစ်ပြီး ဥပဒေနဲ့တရားဝင် အသိအမှတ်ပြုဖို့ကို တော်ဝင်ထောက်ခံချက် လိုအပ်နေတာ ဖြစ်ပါတယ်။ အခု ထိုင်းဘုရင်မင်းမြတ်က ဥပဒေမူကြမ်းကို အတည်ပြုပေးလိုက်တာကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှာ စတင်ပြီး လိင်တူလက်ထပ်ခွင့်ဥပဒေ အသက်ဝင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ LGBT တွေကို နားလည်စာနာတတ်တဲ့နိုင်ငံတစ်ခု ဖြစ်ပေမဲ့ လိင်တူလက်ထပ်ခွင့်ရဖို့ကိုတော့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာပါ။ လိင်တူလက်ထပ်ခွင့်ဥပဒေထွက်ပေါ်လာတဲ့အတွက် လိင်တူစုံတွဲတွေအတွက် ပစ္စည်းခွဲဝေမှု ၊ အမွေမှု အပါအဝင် တခြား စီးပွားရေး၊ လူမှုရေးအခွင့်အလမ်းတွေကိုလည်း ဥပဒေနဲ့ ပိုပြီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အာရှမှာ ထိုင်ဝမ်၊ နီပေါ ပြီးရင် ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခွင့်ကို ဥပဒေနဲ့အသိအမှတ်ပြုတဲ့ တတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။ ထိုင်းက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Photo – Bangkok Post

ဆက်စပ် သတင်းများ

Most read