Homeပြည်တွင်းသတင်းဖယ်ခုံမြို့နယ်ထဲက လတိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

ဖယ်ခုံမြို့နယ်ထဲက လတိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

၂၃ စက်တင်ဘာ၊၂၀၂၄

ရှမ်း/ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ်က လတိန် ကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲ ၀န်းကျင်က စစ်ကောင်စီက လေယာဥ်နဲ့ ပေါင် ဗုံးသုံးလုံးနဲ့ ဗုံးကြဲခဲ့လို့ တစ်ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့ တယ်လို့ သိရပါတယ်॥

အဆိုပါတိုက်ခိုက်မှုအတွင်း ကလေးအပါအ၀င် အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ရှိပြီး သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ခရီးစဥ်အပြီး သိမ်းပိုက်ခံ ရတဲ့နယ် မြေတွေပြန်ရဖို့ လက်တုံ့ပြန်သွားမယ်လို့ ပြောလိုက်ပြီးနောက် ရှမ်း-ကရင်နီပြည်တကြော စစ် ရှောင်စခန်းအပါအ၀င် ကျေးရွာတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၁ ဦးထိရှိ နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

သေဆုံးသူအများစုကလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဖြစ်တယ်လို့လည်း ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ပုံစာ – ဖယ်ခုံမြို့နယ် လတိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ထားမှု

Photo – CJ

ဆက်စပ် သတင်းများ

Most read