Homeနိုင်ငံတကာသတင်းမြန်မာနိုင်ငံကပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုမေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံကပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုမေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

၅ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကိုလည်း မေ့မထားကြဘဲ ဆုတောင်းပေးဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၄ ရက်က ဝတ်ပြုဆုတောင်းပွဲမှာ နိုင်ငံရေးပဋိပက္ခ၊ အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ မြန်မာ၊ ဗင်နီဇွဲလားနဲ့ အရှေ့အလယ်ပိုင်းက ပြည်သူတွေအတွက် ဆုတောင်းပေးဖို့အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၁၇ တုန်းက လာရောက်ခဲ့ဖူးပြီး အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖူးပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံကို မေ့မထားဖို့နဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေကြောင်း သူ့ရဲ့ ဆုတောင်းပွဲသတင်းစကားတွေမှာ မကြာခဏ ထည့်သွင်းပြောကြားလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ ၄ ရက်ဆုတောင်းပွဲမှာ မြန်မာနိုင်ငံအတွက်သာမက ဗင်နီဇွဲလား နိုင်ငံ မြို့ကြီးတွေမှာ အငြင်းပွားဖွယ်ရာရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ဆန္ဒပြမှုနဲ့အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတဲ့အပြင် အရှေ့အလယ်ပိုင်းမှာလည်း သွေးထွက်သံယို အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေရတဲ့အပေါ် ဆုတောင်းပေးဖို့ကို ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂိုလန်တောင်ကုန်းတွေကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အာရပ်လူနည်းစုမျိုးနွယ် Druze အတွက်လည်း စိတ်မကောင်းကြောင်း ထည့်သွင်းပြောကြားသွားပြီး အစ္စရေး ၊ ပါလက်စတိုင်းနဲ့ လက်ဘနွန်က ပြည်သူတွေနဲ့ တသားတည်းရှိနေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read