Homeပြည်တွင်းသတင်းကာလုံအစည်းအဝေးခေါ်ယူခါနီး ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးချို့ယွင်းနေကြောင်း စစ်ကောင်စီထုတ်ပြန်

ကာလုံအစည်းအဝေးခေါ်ယူခါနီး ယာယီသမ္မတဦးမြင့်ဆွေ ကျန်းမာရေးချို့ယွင်းနေကြောင်း စစ်ကောင်စီထုတ်ပြန်

၁၉ ဇူလိုင်၊ ၂၀၂၄

ယာသီသမ္မတဦးမြင့်ဆွေဟာ ၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းကစတင်ပြီး လှုပ်ရှားရာမှာတုံ့နှေးခြင်းနဲ့အစားအသောက် နည်းခြင်းတို့ခံယူနေရတဲ့အတွက်ဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်ည ၈ နာရီမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ ယာယီသမ္မတဟာ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ အာရုံကြောအားနည်းရောဂါတို့ခံစားနေရတာကိုတွေ့ရှိရတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ၊ Mount Elizabeth Medical Centre မှာစစ်ဆေးကုသမှုတွေခံယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မေလ ၂၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ကုတင် ၁၀၀၀) မှာ ဆေးကုသမှုခံယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီကာလတွေမှာ ဦးမြင့်ဆွေရဲ့ မျက်စိမှာဖြစ်ပွားတဲ့အတွင်းတိမ်တွေကိုခွဲစိတ်ကုသနိုင်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်ကနေ ယခုဇူလိုင်လ ၃၀ ရက်အထိ ဆေးခွင့်ယူထားတယ်လို့လည်း စစ်ကောင်စီကထုတ်ပြန်လာပါတယ်။

ဒါကြောင့် လက်ရှိမှာ အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးထားပြီး အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ ]

စစ်ကောင်စီခန့်ယာယီသမ္မတ ဦးမြင့်ဆွေဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရုပ်သေးရုပ်သမ္မတအဖြစ်ခန့်အပ်ခံထားရကာ စစ်ကောင်စီကလည်း ယခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်မှာ နောက်ထပ် ၆ လသက်တမ်းတိုးဖို့အတွက် ကာလုံအစည်းအဝေးခေါ်ယူရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုသမ္မတ ဦးမြင့်ဆွေ မတက်ရောက်နိုင်ခဲ့ရင် မင်းအောင်လှိုင်အနေနဲ့ တခြားတာဝန်ရှိသူတွေနဲ့ ကာလုံအစည်းအဝေးကို ကျင်းပနိုင်တယ်လို့သိရပါတယ်။

ဆက်စပ် သတင်းများ

Most read