Homeပြည်တွင်းသတင်းတာမွေမှာ ဟိုတယ်ပေါ်ကနေ အမျိုးသမီးတဦး ပြုတ်ကျသေဆုံး

တာမွေမှာ ဟိုတယ်ပေါ်ကနေ အမျိုးသမီးတဦး ပြုတ်ကျသေဆုံး

၂၆ မတ်လ ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အကြည်တော်ဟော်တယ် ၇ ထပ်ပေါ်ကနေ အမျိုးသမီးတဦး ခုန်ချတာကြောင့် သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို့ မျက်မြင်တွေဆီကနေသိရပါတယ်။

ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ မိန်းကလေးဟာ အသက် ၂၅ နှစ်အရွယ်ဝန်းကျင် ရှမ်းပြည်နယ် ဇာတိဖြစ်တယ်လို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

“ပြုတ်ကျပြီး ၅ မိနစ်အကြာမှာပဲ သေသွားတာ၊ ရဲတွေလာ စစ်ဆေးနေတယ်၊ ခုန်ချတာပါ” လို့ အနီးနား မြင်တွေ့သူတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဟိုတယ် ၇ လွှာကနေ ခုန်ချခဲ့တာဖြစ်ပြီး အကြောင်းအရင်းကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။

သေဆုံးသူရုပ်အလောင်းကို လူမှုကူညီရေးအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး