၂၄ မတ်လ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီတွေ မျှတတဲ့ဈေးကွက်ယှဉ်ပြိုင်မှု ရရှိရေးအပေါ် အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့အတွက် အမေရိကန်သံရုံးအကြီးအကဲ ဆောန်နစ်ခ်ဟာ Yangon International Mobility Show ကို သွားရောက်ခဲ့တယ်လို့ အမေရိကန်သံရုံးက မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီသွားရောက်မှုအတွင်း Ford ကုမ္ပဏီကိုလည်း အားပေးကူညီခဲ့တယ်လို့ ဆိုထားပြီး မြန်မာ့မော်တော်ယာဉ်ဈေးကွက်အတွင်း ရွေးချယ်စရာတွေ ပိုမိုများပြားလာစေဖို့ ဆောင်ရွက်နေတဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေနဲ့အတူ ရပ်တည်ရတာကို ဂုဏ်ယူတယ်လို့လည်း ဖော်ပြထားပါတယ်။
အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ဟာ မြန်မာနိုင်ငံအတွင်း အမေရိကန်ကုမ္ပဏီတွေ လုပ်ငန်းဆောင်ရွက်ရာမှာ မျှတတဲ့ယှဉ်ပြိုင်မှုပတ်ဝန်းကျင် ရှိဖို့လိုအပ်ကြောင်း အလေးပေးပြသလိုက်တာလည်း ဖြစ်ပါတယ်။
လက်ရှိ မြန်မာ့ဈေးကွက်အတွင်း ကားတင်သွင်းရောင်းချမှုနဲ့ မော်တော်ယာဉ်လုပ်ငန်းပိုင်းမှာ နိုင်ငံခြားကုမ္ပဏီတွေ ပါဝင်လှုပ်ရှားနေကြပြီး အမေရိကန်ဘက်ကတော့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီသွားမယ့် သဘောထားကို ထပ်မံပြသလိုက်တာဖြစ်ပါတယ်။


