Homeဗွီဒီယိုတိုက်ပွဲတွေကြောင့် လားရှိုးမြို့ခံတွေ မြို့ကို စွန့်ခွာထွက်ပြေးနေ

တိုက်ပွဲတွေကြောင့် လားရှိုးမြို့ခံတွေ မြို့ကို စွန့်ခွာထွက်ပြေးနေ

၅ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဖြစ်လာပြီးနောက် ဇူလိုင်လ ၄ ရက်နေ့ကစလို့ မြို့ခံတစ်ထောင်ထက်မနည်း မြို့ကနေ ထွက်ခွာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့ မန္တလေးမြို့ကို အများဆုံးထွက်ခွာနေကြပြီး တိမ်းရှောင်သူတွေ များလာတာကြောင့် လမ်းမှာ ကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ သိရပါတယ်။

မြို့ခံတစ်ဦးက “ဒီနေ့မနက်ထိ ကားတွေ ပိတ်မိနေဆဲပါပဲ။ တိုက်ပွဲမရှိတဲ့ တောင်ကြီးနဲ့ မန္တလေးကို လူတွေ ထွက်သွားကြတာတွေ့ရတယ်” လို့ ပြောပါတယ်။

ဒီနေ့မနက်မှာတော့ လားရှိုးမြို့အနီးမှာ လက်နက်ကြီးသံ၊ သေနတ်သံမကြားရသေးဘဲ တိတ်ဆိတ်နေတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် လားရှိုးတိုက်ပွဲ သုံးရက်အတွင်း အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံးသွားပြီ” လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လားရှိုးမြို့ကို ဇူလိုင် ၃ ရက်နေ့ကစပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေပါတယ်။

ဆက်စပ် သတင်းများ

Most read