Homeပြည်တွင်းသတင်းတောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းကနေကျောင်းပြောင်းလိုသူတွေ ကိုယ်ပိုင်ကျောင်းအချို့က အခမဲ့ပညာသင်ပေးသွားမယ်လို့ ထုတ်ပြန်

တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းကနေကျောင်းပြောင်းလိုသူတွေ ကိုယ်ပိုင်ကျောင်းအချို့က အခမဲ့ပညာသင်ပေးသွားမယ်လို့ ထုတ်ပြန်

၂၁ ဇန်နဝါရီ ၂၀၂၆

တောင်ကြီးမြို့က အောင်မြေသစ်ကိုယ် ပိုင်အထက်တန်းကျောင်းမှာ Grade 12 ကျောင်းသူတစ်ဦးကို အဓမ္မ ပြုကျင့်ခံရတဲ့ဖြစ်စဉ်ကြောင့် အဲ့ဒီကျောင်းမှာ ဆက် လက်ပညာမသင်ကြားလိုဘဲ ကျောင်းပြောင်းလိုတဲ့ ကျောင်းသူ/သားတွေကို မြို့ပေါ် ကိုယ်ပိုင်ကျောင်းအချို့က အခမဲ့ ပညာသင်ပေးသွားမယ်လို့ ထုတ်ပြန်ကြေ ညာထားပါတယ်။

ဖြစ်စဉ်ကြောင့် အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာဆက် က်မသင်ကြားချင်တော့တဲ့ ကျောင်းသား/သူတွေ ရှိနေတာကြောင့် စာမေးပွဲဖြေဆိုမယ့်ရက်လည်း နီးကပ်လာတာကြောင့် အခက်အခဲမဖြစ်ပေါ်စေရေး အခမဲ့ပညာဆက်လက်သင်ကြားပေးဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“အခုက ကျောင်းပြောင်းမယ်သူတွေ များလာတယ်။ လူတစ်ယောက်ရဲ့ ဆင်ခြင်တုံ တရားမဲ့မှုကြောင့် ကလေးတွေစိတ်ဒဏ် ရာရကုန်ကြတာ။ စာမေးပွဲကလည်းနီးပြီ။ အခုဆို အဲ့ဒီကျောင်းကနေ ပြောင်းမယ့် ကျောင်းသားတွေ ရှိတယ်။ ဒါကို မြို့က ‌ကိုယ်ပိုင်ကျောင်းတွေ စာမေးပွဲရက်နီးလာတာကြောင့် အခက်အခဲမဖြစ်အောင် လုပ်ပေးတာပါ။ အခမဲ့ပါ။” တောင်ကြီးမြို့နေ ကျောင်းသား မိဘတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

‌အခမဲ့ ပညာသင်ကြားပေးဖို့ ခေါ်ယူနေတဲ့ ကိုယ်ပိုင်ကျောင်းတွေကတော့ Future Star ကိုယ်ပိုင်ကျောင်း၊ ပညာအဓိကကိုယ်ပိုင်ကျောင်းနဲ့ Diamond Hill Academy ကိုယ်ပိုင်ကျောင်းနဲ့ တောင် တန်းချယ်ရီကိုယ်ပိုင်ကျောင်းတွေက ခေါ်ယူနေတာဖြစ်ပါတယ်။

အောင်မြေသစ်ကိုယ်ပိုင်အထက် တန်းကျောင်းက ကျောင်းအုပ်ရဲ့သားဖြစ်သူ ကျောင်းဆရာအဖြစ်လည်း လုပ်ကိုင်နေတဲ့ ဇာနည်သွေး အသက် ၂၉ နှစ်ဟာ Grade 12 ကျောင်းသူတစ်ဦးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာကြောင့် ဇန်နဝါ ရီလ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘအုပ်ထိန်းသူတွေကလည်း ကလေးတွေကို ပြန်လည်ခေါ်ယူခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ-Our Taunggyi

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး