Homeပြည်တွင်းသတင်းမြန်မာနိုင်ငံအရေး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သံရုံးအချို့ထုတ်ပြန်လာ

မြန်မာနိုင်ငံအရေး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ သံရုံးအချို့ထုတ်ပြန်လာ

၁၀ ဒီဇင်ဘာ ၂၀၂၅

စစ်တပ်ရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုရှိတယ်လို့ ယူဆရတဲ့နည်လမ်းနဲ့ ကျင်းပမယ့် အခြေအနေကို မတွေ့ရဘူးလို့ယူကေ၊ ကနေဒါနဲ့ ဩစတေးလ၊ ဆွစ်ဇာလန်သံရုံးတွေက ဒီနေ့ဒီဇင်ဘာ ၁၀ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

“အခုလိုအခြေအနေတွေကြားမှာ ကျင်းပတဲ့ရွေးကောက်ပွဲဟာ ပိုမိုဆိုးရွားတဲ့တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေနိုင်ရုံသာမက စစ်မှန်တဲ့ဖြေရှင်းနည်းတွေနဲ့ ပိုမိုဝေးကွာသွားမည်ကို ယူကေအစိုးရကစိုးရိမ်မိပါတယ်။”လို့ ယူကေသံရုံးက ထုတ်ပြန်ပါတယ်။

ကနေဒါသံရုံးကတော့ လူသားတိုင်းလက်လှမ်းမီရရှိသင့်သော တဲ့ လူ့အခွင့်အရေးတွေဟာ မြန်မာနိုင်ငံမှာ ပြင်းထန်စွာ ချိုးဖောက်ခံနေရဆဲ ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာမှာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး လူ့အခွင့်အရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေထဲက တခုအဖြစ်ကို အခြေအနေပိုမို ဆိုးရွားလာနေတယ်လို့ဆိုပါတယ်။

“ငြိမ်းချမ်းရေးလမ်းကြောင်းအစစ်အမှန်ဖြစ်ရန်အတွက် အကြမ်းဖက်မှုများကိုအဆုံးသတ်ပြီး မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးကာ သက်ဆိုင်သူများအားလုံးပါဝင်သည့်ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန်လိုအပ်သည်ဟု မိမိတို့အစဥ်အမြဲကိုင်စွဲယုံကြည်ထားပါသည်။ဤအခြေအနေများမရှိပဲကျင်းပသည့်ရွေးကောက်ပွဲသည် ပိုမိုကြီးမားသောမတည်ငြိမ်မှုများဆီဦးတည်ကာ မြန်မာပြည်သူများအပေါ်ဆိုးရွားသည့်အကျိုးဆက်များဖြစ်စေပြီး ဆက်လက်ဖြစ်ပွားနေသောအကျပ်အတည်းအတွက်ငြိမ်းချမ်းသည့်အဖြေရှာဖွေရာတွင်အတားအဆီးဖြစ်မည်ကို မိမိတို့အထူးစိုးရိမ်ပါသည်။”လို့ ဩစတေးလျသံရုံးက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးဖို့နဲ့အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ပြည်သူတွေကို ပဋိပက္ခအန္တရာယ်တွေက အကာအကွယ်ပေးဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝလက်တွေ့အကောင်အထည်‌ဖော်ဖို့တောင်းဆိုတယ်လို့လည်း သံရုံးတွေက ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး