Homeပြည်တွင်းသတင်းဒီပဲယင်းက လက်ဖက်ရည်ဆိုင်မှာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲကြည့်နေချိန် ဗုံးကြဲချလို့ ဒေသ ခံ၂၀ ဦးထက်မနည်း သေဆုံး

ဒီပဲယင်းက လက်ဖက်ရည်ဆိုင်မှာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲကြည့်နေချိန် ဗုံးကြဲချလို့ ဒေသ ခံ၂၀ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၊ မရကန်ရွာက လက်ဖက်ရည်ဆိုင်မှာ ဆီးဂိမ်းဘောလုံးပြိုင်ပွဲကြည့်နေချိန် မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချလို့ ဒေသခံ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကနေ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ မနေ့က ဒီဇင်ဘာ ၅ရက် ညနေပိုင်းမှာ မြန်မာအသင်ူရဲ့အုပ်စုအဖွင့်ပွဲစဉ်ကို ကြည့်နေစဉ်မှာ စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချရာမှာတလုံးထိမှန် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကို ရှာဖွေရာမှာ သေဆုံးသူအလောင်းတွေထပ်တွေ့နေရသလို့ ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာတင် ဒေသခံ ၅ ဦးသေဆုံးတာကို တွေ့ရသလို ဒီနေ့ ဒီဇင်ဘာ ၆ရက်နေ့အထိ ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။

“ရှာနေတုန်းပါ၊ လူပျောက်နေပါသေးတယ်။ ပေါင် ၅၀၀ ဗုံးဆိုတော့ ကျားမ မသဲကွဲတော့တာတွေလည်း ရှိနေတယ်ဗျ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒီပဲယင်းမြို့နယ်ထဲ လေ ကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့မနက်ပိုင်းအထိ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဓာတ်ပုံ- လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး