Homeပြည်တွင်းသတင်းလွိုင်ကော်အကျဥ်းထောင်မှာ အကျဉ်းသားတွေကို ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ အတင်းအကြပ်ဖိအားပေးနေ

လွိုင်ကော်အကျဥ်းထောင်မှာ အကျဉ်းသားတွေကို ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ အတင်းအကြပ်ဖိအားပေးနေ

၂၆ နိုဝင်ဘာ ၂၀၂၅

ကရင်နီပြည်နယ် လွိုင်ကော်မြို့အကျဥ်းထောင်မှာ အကျဉ်းသားတွေကို ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ အတင်း အကြပ်ဖိအားပေးလုပ်ဆောင် နေတယ်လို့ ကရင်နီိနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး(KPPA)က မနေ့က နိုဝင်ဘာ ၂၅ ရက်မှာထုတ်ပြန်ပါတယ်။

အဲ့ဒီဖိအားပေးလုပ်ဆောင်မှုကို ပြီးခဲ့တဲ့စက်တင်ဘာလထဲက လုပ်ဆောင်နေတာဖြစ်ပြီး၊ ဒါဟာ ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်မရှိတဲ့သူစာရင်းမှာ ထောင်ကျခံနေရသူတွေပါဝင်ပေမယ့် အခုလိုအတင်းအကြပ်မဲပေးခိုင်းတာဟာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ကျူးလွန်နေတာလို့ အသိပေးထားပါတယ်။

ဒါ့အပြင် တရားမျှတစွာမဲပေးပိုင်းခွင့်ဖြစ်တဲ့ နိုင်ငံသားအခွင့်အရေးကို စော်ကားတာအပြင် မဲမသမာမှုကို ကြုံစည်တာလို့ KPPA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်နယ် မယ်စဲ့၊ဖားဆောင်း နဲ့ ရှားတော မြို့နယ်ကလွဲလို့ ကျန်တဲ့မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အလုံးစုံကန့်ကွက်တာနဲ့ ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်း ကရင်နီပြည်အင်အားစုတွေက တုံ့ပြန်ထားပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး