ဧရာဝတီတိုင်းနဲ့ ရခိုင််ပြည်နယ် ဂွမြို့အ စပ်က ရွှေသောင်ယံနဲ့ သာပေါင်းမြို့မှာအာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တွေအကြား နိုဝင်ဘာ ၂၁ ရက်က စပြီးတော့ ဒီကနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေဆီကနေ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲဟာ ရွှေသောင်ယံမြို့နယ်၊ မကျီးဇင်ရွာနဲ့ သာပေါင်းမြို့နယ်၊ သဲဖြူရွာဘက်ကို စစ်တပ်ကစစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ် ပွားနေတာဖြစ်တယ်လို့ အဲ့ဒီ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်အုပ်စုရဲ့ အမှတ် ၃၄၄ အမြှောက်တပ်ဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ်ထဲက ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ ရှိနေပြီး ရက္ခုင့်တပ်တော်က အဲ့ဒီအနားအထိ ထိုး စစ်ဆင်တိုက်ခိုက်နိုင်နေတာကြောင့် စခန်းကို သိမ်းပိုက်နိုင်ရင်တော့ သိမ်-မုံရွာကားလမ်းကို ထိန်းချုပ်လာနိုင်လိမ့်မယ်လို့ ဒေသခံတဦးက New Day Myanmar ကိုပြောပါတယ်။
“AA ကသာ ဂွ-ငသိုင်းချောင်းလမ်းပေါ်က အဲ့ဒီအမြောက်တပ်ကို ထိန်းချုပ်နိုင်ရင် သိမ်-မုံရွာကားလမ်းကို ထိန်းချုပ်လာနိုင်မှာ၊ အခုအခြေအနေကတော့ တိုက်လိုက်နားလိုက် ဖြစ်နေတယ်။ ရက်ကကြာလာတော့ ဘာဖြစ်မှန်းမသိ ဘူး။ ခန့်မှန်းမတတ်သေးဘူး။ အသံတွေတော့ ထွက်လာလိုက် ပျောက်သွားလိုက်ပေါ့”လို့ သူက ပြောပါတယ်။
ရွှေသောင်ယံမြို့နယ်ထဲကမကျီးဇင်ရွာနဲ့ဘောမိရွာက်ူ အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေက အခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက် အခုလို စစ်အုပ်စု တန်ပြန်ထိုး စစ်ဆက်လာတာဖြစ်တယ်လို့သိရပါတယ်။
လတ်တလော ဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ အာရက္ခတပ်တော်က နိုဝင်ဘာ ၁၁ ရက်နေ့မှာ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို ၊ ချင်းလယ်ကျေးရွာ အနီးပတ်ဝန်းကျင်တွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-AA info Dask


