Homeပြည်တွင်းသတင်းရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနု ကွယ်လွန်တယ်ဆိုတာဟာ သတင်းမှားသာဖြစ်တယ်လို့ဆို

ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ခင်သန်းနု ကွယ်လွန်တယ်ဆိုတာဟာ သတင်းမှားသာဖြစ်တယ်လို့ဆို

၂၁ နိုဝင်ဘာ ၂၀၂၅

အကယ်ဒမီဆုရှင် ဒေါ်ခင်သန်းနုဟာ ယနေ့ နိုဝင်ဘာလ ၂၁ ရက်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အဲ့ဒီသတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ တူမတော်စပ်သူ မိသားစုဝင်တဦးက New Day Myanmar ကိုပြောပါတယ်။

“အန်တီမဆုံးပါဘူးရှင်၊ ကျန်းမာပါတယ်” လို့ ပြောပါတယ်။

ဝါရင့်သရုပ်ဆောင် ဦးဇင်ဝိုင်းကတော့ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အံတီနု(မမစိမ်း)..ကွယ်လွန်ကြောင်းကြားသိရလို့..နှမျောတသဝမ်းနည်းမိရပါတယ်..။အံတီနု..ငြိမ်းချမ်းစွာအနားယူပါတော့ခင်ဗျာ”လို့ မျှဝေထားတာတွေ့ပါတယ်။

ဒေါ်ခင်သန်းနုကို ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပျဉ်းမနားမြို့နယ်၊ အောင်းကုန်းကျေးရွာမှာ မွေးဖွားခဲ့ပြီး အသက် ၈၀ ပြည့်ပြီဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most Read