တနင်္သာရီတိုင်း၊ ပုလောမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေဆိုသူနှင့် သူ့ရဲ့ သက်တော်စောင့် တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
၂ဝ၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်၊ မနက် ၈ နာရီခန့်မှာ ပုလောမြို့ ကျောက်စုဂိတ်အနီး၊ ပုလောမြို့အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုးဝေနဲ့ သူ့ရဲ့ သက်တော်စောင့် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ၁ ဦးတို့ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ပူးပေါင်း မဟာမိတ်အဖွဲ့မှ ပစ်ခတ်ခဲ့တာကြောင့် ၂ ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ဆီကနေ ကလေးကစားစရာ ပစ္စတို ၁ လက်၊ ကလေးကစားစရာ လက်ပစ်ဗုံး ၂ လုံး၊ AK47 ရိုင်ဖယ် ၁ လက်၊ ၇.၆၂ ကျည်ဘောက် ၁ ခုနဲ့ Vivo ဖုန်းအစုတ် တလုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး စိုးဝေဟာ ပြည်သူအပေါ် လက်နက်အတုတွေနဲ့ ငွေညှစ်ခြိမ်းခြောက်််တ စစ်မှုထမ်းအတင်းအကြပ် စုဆောင်းတာ။ အနိုင်ထက်ပြုမူတာတွေ လုပ်ဆောင်နေတာကြောင့် မပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးပေမယ့် လိုက်နာခြင်းမရှိတာကြောင့်ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ ရဲဘော်များကိုတွေ့ရစဉ်
ဓါတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း


