Homeပြည်တွင်းသတင်းတော်လှန်ရေးအင်အားစုတွေအပေါ် ထိရောက်တဲ့ ပံ့ပိုးတာတွေရရှိဖို့ IPU ညီလာခံမှာ ဆွေးနွေး

တော်လှန်ရေးအင်အားစုတွေအပေါ် ထိရောက်တဲ့ ပံ့ပိုးတာတွေရရှိဖို့ IPU ညီလာခံမှာ ဆွေးနွေး

၂၂ အောက်တိုဘာ ၂၀၂၅

စစ်ကော်ရှင် လူ့အခွင့်အရေးချိုးဖောက်နေတာတွေအပါ တော်လှန်ရေးအင်အားစုတွေအပေါ် ထိရောင်တဲ့ ပံ့ပိုးတာတွေရရှိဖို့ နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ညီလာ ခံမှာဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဒီကနေ့အောက်တိုဘာ ၂၁ ရက်မှာထုတ်ပြန်လာပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့(IPU)ညီလာခံမှာ မြန်မာလွှတ်တော်ကိုယ် စားလှယ်အဖွဲ့အနေနဲ့ ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အာဏာသိမ်းစစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် ကန့်ကွက်ပေးဖို့နဲ့ အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး၊ ၂၀၂၀ အ ထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ် တော်ကိုယ်စားလှယ်တွေနဲ့ CRPH ကို ကမ္ဘာ့လွှတ်တော်အသိုင်းအဝိုင်းက ဆက် လက်အသိအမှတ်ပြုရေး အချက်တွေကို အဓိကထား ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်ရှိ ပဋိပက္ခဖြေရှင်းရေးနဲ့ ရေရှည်တည်တံ့တဲ့ အဖြေရှာခြင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဆောင် ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ် ထိရောက်တဲ့ ပံ့ပိုးကူညီတာတွေ ရရှိရေးကိုလည်း အဓိကထား ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၉ရက်မှာ အာရှ-ပစိဖိတ်အုပ်စု(Asia-Pacific Group)နဲ့ အမျိုး သ မီး လွှတ်တော်ကိုယ်စားလှယ်ဖိုရမ်ကို တက်ရောက်ခဲ့သလို အောက်တိုဘာ ၂၀ ရက်မှာလည်း အမှုဆောင်ကောင်စီအ စည်းအဝေး၊ ညီလာခံအစည်းအဝေးနဲ့ ညီလာခံရဲ့ General Debate အစီအစဉ်တို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

IPU ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်က နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ ဖွဲ့ စည်းထားပြီး မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက် IPU အမှု ဆောင်ကောင်စီဟာCRPHကို အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအ မှတ်ပြုခဲ့ကာ ဒီနေ့အထိဆက်လက်အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – CRPH

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး